မေလ ၂၈ ရက်နေ့ မှုခင်းသတင်းများ

မေလ ၂၇ ရက်နေ့ ၁၄၄၀ နာရီတွင် လားရှိုးမြို့နယ် ခိုက်ချန်ကျေးရွာအနီး တရုတ်သင်္ချိုင်း၌ စီစစ်ဆဲ ကျား ၁ ဦးအား လက်တွင်ကြိုးတုပ်ထားလျက် ဝဲပါး နောက်ကျော ဝဲလက်ပြင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရ။

မေလ ၂၇ ရက် ည ၇ နာရီခန့်တွင် ပုသိမ်မြို့နယ် ကညင်ကုန်းကျေးရွာနေ ဒေါ်ကြည်ဌေး (၆၈) နှစ်သည် နေအိမ်အိပ်ခန်းအတွင်း မျက်နှာ လည်ပင်း လက်နှစ်ဖက်တို့အား အဝတ်စများဖြင့် ချည်ထားပြီး နဖူးဝဲဘက် ဝဲမျက်ခုံး ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရ။

မေလ ၂၇ ရက် နေ့လည် ၁၂ နာရီ ၅၀ ခန့်တွင် ရွှေဘိုမြို့နယ် ဥသျှစ်ကန်ကျေးရွာနေ ဦးပြေငြိမ်း (၆၅) နှစ် သည် သားဖြစ်သူ ဦးဝင်နိုင်ဦး (၄၇)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား ၃ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးပြေငြိမ်းတွင် လည်ပင်း ယာပေါင် ဝဲလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့။

မေလ ၂၇ ရက်နေ့ ၁၄၃၀ နာရီအချိန်တွင် မုံရွာမြို့နယ် ရုံးကြီးရပ်ကွက်ရှိ “ ကြည်ထက်စံ” စတိုးဆိုင်ပိုင်ရှင် ဒေါ်အေးမြတ်မော်(၅၀) နှစ်သည် စတိုးဆိုင်၌ထိုင်နေစဉ် အကြမ်းဖက်သမား ၂ ဦး မှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ရာ ဒေါ်အေးမြတ်မော်သည်  ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့။

မန္တလေးတိုင်းဒေသကြီး တံတာဦးမြို့နယ်သို့  မေလ ၂၆ ရက်နေ့ ည ၁၀ နာရီ ၅၀ ခန့်တွင် အကြမ်းဖက်အဖွဲ့ အင်အား ၅၀ ဦးခန့်သည် ဧရာဝတီမြစ်အား စက်လှေဖြင့်ဖြတ်ကာထောက်ရစ်ကျေးရွာသို့ရောက်ရှိလာပြီး ဒေသခံများအား သတ်ဖြတ်ခဲ့ သဖြင့်  ထောက်ရစ်ကျေးရွာနေ ဦးမင်းမင်းသိုက် (၄၂) နှစ်အား ရင်အုံ၊ ဝဲမျက်လုံး၊ ဝဲခါး၊ ဝဲနားထင် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် ထောက်ရစ်ကျေးရွာအနီး လမ်းဘေး၌လည်းကောင်း၊ ဦးဆန်းမင်းကို (၅၀) နှစ်အား ဝဲနားရွက်ပြတ်၊ ဝဲနားရွက်အောက်၊ ဝဲလက်ဖျံ၊ ဝမ်းဗိုက်၊ ဝဲလက်ကောက်ဝတ် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် ၎င်း၏ နေအိမ်ပေါ်၌ လည်းကောင်း၊ ဦးစောဝင်း (၅၀) နှစ်အား ရင်ဘတ်၊ မေးစေ့၊ ဝဲပုခုံး၊ လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် ၎င်း၏ နေအိမ်ပေါ်၌လည်းကောင်း၊ ဦးကိုကိုနိုင်(ခ) ဂျော်ကာ (၃၀) နှစ်အား မျက်နှာပွင့်ထွက်၊ ဝဲညှပ်ရိုး၊ ဝဲပေါင်၊ ယာတင်ပါး၊ ဂုတ်ပိုး ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေအိမ်ဝင်ပေါက်၌လည်းကောင်း၊ ဦးစိုးနိုင်(ခ) ဘာဘူစိန် (၄၉) နှစ်အား ဝဲ/ယာ ပေါင် ဝမ်းဗိုက်၊ နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေအိမ်နောက်ဘက် တောင်ကုန်ကြား၌လည်းကောင်း သေဆုံးနေသည်ကိုတွေ့ရှိရ။