မေလ ၂၅ ရက်နေ့ လက်လုပ်မိုင်းတွေရှိ/ပေါက်ကွဲသတင်းများ

-မေလ ၂၄ ရက်နေ့ ၀၈၂၀ နာရီချိန်တွင် ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ မင်းနန္ဒာလမ်းဗိုလ်တထောင်ခရိုင်ဥပဒေရုံးရှေ့နှင့် ဘေးတွင် လက်လုပ်မိုင်းတွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဆိုပါ လက်လုပ်မိုင်း ၂ လုံးအားဖောက်ဖွဲဖျက်ဆီး/ရှင်းလင်းခဲ့ကြောင်း သိရှိရ..

-မေလ ၂၄ ရက်နေ့ ၀၉၄၅ နာရီချိန်တွင် ကော့မှူးမြို့နယ်၊ လက်ခိုက်ကျေးရွာ၊ ကော့မှူး-ကွမ်းခြံကုန်း ကားလမ်းဘေး ကျိုက်မွန်ထိုရ်စေတီအနီး လက်လုပ်မိုင်း (၃ ) လုံးအား တွေ့ရှိခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖောက်ခွဲဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရ..

-မေလ ၂၄ ရက်နေ့ ၀၈၃၀ နာရီချိန်တွင် မြင်းခြုံမြို့နယ်၊ သင်္ဘောတင်ကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ပတ္တာကျေးရွာ သင်္ဘောဆိပ်ကမ်းနေရာသို့ ရောက်ရှိစဉ် အကြမ်းဖက် သမားများထောင်ထားသည့် အလျား ၈ လက်မခန့်ရှိ သံကိုယ်ထည်လက်လုပ်မိုင်း ၅ လုံးနှင့် ဝါယာကြိုးခွေတို့အား သိမ်းဆည်းရရှိခဲ့သဖြင့် ဖောက်ခွဲဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရ..

-မေလ ၂၄ ရက်နေ့ ၁၉၀၀ နာရီချိန်တွင် သပိတ်ကျင်းမြို့နယ်၊ သီးကုန်းကျေးရွာတွင်နေထိုင်သော ဦးအောင်ထွန်းဦး ပိုင်ဆိုင်သည့် (၆) ဘီးယာဉ်သည် သရက်သီးများဝယ်ယူပြီး လုပ်သား ၁၃ ဦးနှင့်အတူ သီးကုန်းကျေးရွာသို့ ပြန်လာစဉ် နောင်လုံတံတားအရောက်၌ အကြမ်းဖက်သမား PDF များထောင်ထားသည့် မိုင်းပေါက်ကွဲပြီး လုပ်သားများအနက် အောင်ပိုင်ဦး(၂၆) နှစ်၊ မိုးဆွေဦး (၁၉) နှစ်၊ မင်းမင်းဦး (၂၄) နှစ်၊ ရာဇာထွန်း(၁၉) နှစ်နှင့် ဇင်မျိုးထက် (၂၆) နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါတယ်။