မေလ ၂၄ ရက်နေ့မှုခင်းသတင်းများ

-မေလ ၂၃ ရက်နေ့ မနက် ၁၀နာရီ ၄၅ မိနစ်ချိန်တွင် မြင်းခြံမြို့နယ်၊ မြင်းခြံ-မြို့သာသွားကားလမ်း၊ ထိန်ပန်းကျေးရွာလမ်းခွဲဆိုင်းဘုတ်အနီးတွင် အပြစ်မဲ့ပြည်သူတစ်ဦးအား အကြမ်းဖက်သမားများမှ သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၃ ရက်နေ့ ၁၂ နာရီချိန်တွင်တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာတွင်နေထိုင်သော ဦးနန်း(၅၀) နှစ်သည်နေအိမ်၌ ဈေးရောင်းနေစဉ် အကြမ်းဖက်သမား ၇ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးနန်းမှာ ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်းသိရှိရ..

-မေလ ၂၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့(၃) ရပ်ကွက်တွင် နေထိုင်သော ဦးကျော်ဝင်းသည်၎င်း၏လယ်သို့သွားရန် ဆိုင်ကယ်ဖြင့်ထွက်လာစဉ် အကြမ်းဖက်သမားများမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် ဦးကျော်ဝင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ..

– မနက် ၉ နာရီချိန်ခန့်တွင် ဝန်းသိုမြို့မြောက်ဘက်၊ ဝန်းသို-ဂျိုးတောင်သွားကားလမ်း၊ ချမ်းမြသီတာကျေးရွာသွားလမ်းအနီးတွင် အကြမ်းဖက်သမား PDF များမှ ကျား ၂ ဦး၊ မ ၁ ဦး (စိစစ်ဆဲ) အား လက်ပြန်ကြိုးတုပ်ပြီး ခန္ဓာကိုယ်အနှံ့ထိုးသွင်းဒဏ်ရာများဖြင့် ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရ..

-မနက် ၉ နာရီချိန်ခန့်တွင် ရွှေဘိုမြို့၊ အမှတ်(၈) ရပ်ကွက်တွင်နေထိုင်သော ဦးဘိုမြင့်(၅၂) နှစ်သည် ညီဖြစ်သူ ဦးဘိုတင့်(၅၀) နှစ်နှင့်နေအိမ်၌ ရှိနေစဉ်အကြမ်းဖက် ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာခဲ့ပြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဘိုမြင့် မှာကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၂ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ချိန်တွင် ဟုမ္မလင်းမြို့နယ်၊ ထိန်ကူးကျေးရွာသို့ အကြမ်းဖက် ၁၀ ဦးခန့်ရောက်ရှိလာပြီး ကျေးရွာအတွင်းရှိ ဦးမြင့်အောင်(၅၀) နှစ်၊ ဦးမောင်ချို(၄၃) နှစ်၊ ဦးမောင်စန်း နှင့် ဦးဖိုးမှတ်တို့အား အကြောင်းမဲ့ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၃ ရက်နေ့ ည ၆ နာရီ ဝန်းကျင်ခန့်တွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်တွင် နေထိုင်သော ဦးသန့်ဇင်လတ်(၃၅) နှစ်သည် နေအိမ်တွင် ရှိနေစဉ် အကြမ်းဖက်သမားများမှ ကား(၂) စီးဖြင့် ရောက်ရှိလာပြီး ယာဉ်ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးသန့်ဇင်လတ်မှာ ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၃ ရက်နေ့ မနက် ၇ နာရီချိန်တွင် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အောင်ချမ်းသာကျေးရွာသို့ အကြမ်းဖက်သမား ၁၀ ဦးခန့်ရောက်ရှိလာပြီး ဦးအင်သန်း(၅၉) နှစ် နှင့် ဦးအေးချို(၆၄) နှစ် ၂ ဦးအား လက်နက်ငယ်များဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရ…

-မေလ ၂၃ ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်ချိန်တွင် လောင်းလုံမြို့၊ (က) ရပ်ကွက် သီရီမင်္ဂလာလမ်းရှိ လဝက ရုံးသို့ အကြမ်းဖက် ၈ ဦးခန့် ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး ရုံးအတွင်းသို့ဝင်ရောက်ကာ ဝန်ထမ်းများအား ခြိမ်းခြောက်ပြီး ဒုလဝကမှူး ဦးသိန်းမင်းလတ် (၄၅) နှစ်အား လက်နက်များဖြင့်ပစ်ခတ်ခဲ့သောကြောင့် နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်း သိရှိရ..