ပရဟိတ မင်းသမီးကြီးရဲ့ နောက်ထပ်အလှူ

ပရဟိတ မင်းသမီးတစ်ဦးဖြစ်သော သရုပ်ဆောင်ခိုင်နှင်းဝေက မိုခါမုန်တိုင်းဘေးသင့်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ ကလေးများအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့်အတူ အလှူငွေ ကျပ် သိန်း ၂၀၀ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

သရုပ်ဆောင် ခိုင်နှင်းဝေက ခုနစ်ရက်သားသမီး စုပေါင်းအလှူအဖြစ် ကလေးဝတ်အင်္ကျီ၊ ဘောင်းဘီ၊ အဝတ်အထည်ထည့်ပုံးများအပါအဝင် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကိုလှူဒါန်းခဲ့ခြင်းဖြစ်သည်။