တောင်ကြီးမြို့သို့ ရောက်ရှိသီတင်းသုံးလျက်ရှိသည့် မိုင်းဖုန်းဆရာတော် သဒ္ဓမ္မ ဇောတိကဓဇအဂ္ဂမဟာကမ္မဌာနစရိယ ဘဒ္ဒန္တဉာဏသံဝရအား ဧပြီလ ၃ ရက်နေ့တွင် တောင်ကြီးမြို့ရှိ နယ်မြေခံအရာရှိ/စစ်သည်မိသားစုဝင် များမှ ကြိုဆိုပင့်ဆောင်ခဲ့ပြီး တပ်ဝန်းအတွင်း တည်ထားကိုးကွယ်မည့် ဉာဏ်တော်အမြင့် ၃၆ ပေ၊ လုံးပတ် ၁၈ ပေရှိ ရတနာမာန်အောင် ဆုတောင်းပြည့်ဘုရားစေတီတော်အား အောက်ပစ္စယံ ဌာပနာပိတ်သွင်းခြင်း အခမ်းအနားအား ပြုလုပ်ခဲ့ရာ စုစုပေါင်း အင်အား (၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ အခမ်းအနားတွင် ဆရာတော်ကြီးမှ ဘုရားစာရွက်ဖတ်ပူဇော်ခြင်း၊ တရားနာပရိတ်သတ်များမှ ငါးပါးသီလ ဆောက်တည်ခြင်း၊ ဟောကြားတော်မူသည့် တရားတော်အား နာယူခြင်း တို့ပြုလုပ်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိသတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း၊ ဆရာတော်ကြီးနှင့်အဖွဲသည် နေပြည်တော်သို့ ဆက်လက်ထွက်ခွာ သွားခဲ့ကြောင်း သိရှိရပါသည်။
ဆက်စပ်အကြောင်းအရာများ
ကျေးရွာအတွင်း KIA/PDF တို့ထောင်ထားသောမိုင်းများကို တပ်မတော်စစ်ကြောင်းများက ရှင်းလင်းဖယ်ရှားပေး
- Admin
- March 16, 2023
15-3-2023 ရက်နေ့ မနေ့က ကသာမြို့နယ် မြေနုကျေးရွာရှိ ဘုန်းကြီးကျောင်းကို KIA+PDF အဖွဲ့ ၈၀ ဦးခန့်ရောက်ရှိလာပြီး ဆရာတော်များကို နှင်ထုတ်ကာ စခန်းချနေထိုင်ခဲ့ပါတယ် ၎င်းတို့နေထိုင်စဥ် ကာလတွင် […]
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယွမ် ၁ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများလှူဒါန်း
- အေးခင်
- May 21, 2023
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှလှူဒါန်းသည့် “မိုခါ”မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဒေသများ၌အသုံးပြုရန် ယွမ် ၁ သိန်းတန်ဖိုးရှိ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းများအား သံရုံးတာဝန်ခံ Mr. Jia Junjie က မေလ ၂၀ […]
မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်
- Admin
- December 1, 2022
စိတ်ရဲ့သဘောသဘာဝအမှန်တရားကိုနားလည်းထားဖို့လိုပါတယ် ။ စိတ်ဆိုတာမျောက်နှင့်တူတယ်လို့ဆိုတယ် ။ မျောက်ဆိုတာငြိမ်ငြိမ်နေတဲ့သဘောမရှိသလို စိတ်ဆိုတာလည်းအာရုံအမျိုးမျိုးမှာပြေးသွားရွေ့လျားနေတဲ့သဘောရှိပါတယ် ။ ဒါကြောင့်…တစ်စုံတစ်ယောက်ရဲ့စိတ်ဟာကိုယ့်ဘက်မှာအမြဲမရှိနိုင်ပါဘူး ။ ဘယ်လောက်ပဲအားကိုးဖို့ကြိုးစားကြိုးစား သူ့စိတ် ကိုယ့်စိတ်ဟာမငြိမ်သက်တာဖြစ်သည့်အတွက်အားကိုးရာ မဖြစ်နိုင်ပါဘူး ။ မိမိရဲ့နေတတ်တဲ့စိတ်ဖြေတတ်တဲ့စိတ်ကသာကိုယ့်ရဲ့ […]