တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန် ဈေးနှုန်းအပြောင်းအလဲများ

မတ် ၃ ရက်နေ့ကနေ ယခု ဧပြီ ၃ ရက်နေ့အထိ တစ်လအတွင်း ဆန်၊ ဆီ၊ ကြက်သွန်ဈေးနှုန်းတွေ ဘယ်လောက်ထိ ပြောင်းလဲသွားလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဒီတစ်လအတွင်းမှာ ဆန်ဈေးနှုန်းတွေကတော့  ၂၀၀၀ ကနေ ၅၀၀၀ အမြင့်ဆုံးထိ တက်သွားခဲ့ပါတယ်။ အမျိုးအစားတော်တော်များများမှာ တက်သွားခဲ့တာဆိုပေမဲ့ တောင်ပျံ(မော်ကျွန်း) ကတော့ (၇၅၀၀၀ -၇၇၀၀၀) ကနေ (၇၃၀၀၀ – ၇၄၀၀၀) ဆိုပြီးဈေးကျသွားခဲ့ပါတယ်။ ဒီလထဲမှာ တခြား ဆန်ဈေးတွေဘယ်လောက်တက်သွားလဲဆိုတာတော့ ဇယားကွက်ကနေ နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။

နှစ်ကုန်ပိုင်းက ဈေးတွေအတက်ကြမ်းခဲ့ပြီး မတ်လမှာ အကျဈေးနဲ့ ဖွင့်ခဲ့တဲ့ ကြက်သွန်နီဟာ ဧပြီလမှာလည်း အကျမရပ်သွားဘဲ ဆက်ကျနေဆဲဖြစ်ပါတယ်။

ကြက်သွန်ဖြူဈေးတွေမှာတော့ ကြူကုတ်(ရှယ်) ကလွဲလို့ ကျန်အမျိုးအစားတွေ သိသိသာသာကို ဈေးကျဆင်းသွားတာတွေ့ရပါတယ်။

ပြည်တွင်းစားသုံးဆီဈေးတွေမှာတော့ မန္တလေးရော ပြည်ဈေးကွက်မှာပါ ပဲဆီ, နှမ်းဆီဈေးတွေက မတ်လဈေးနဲ့အတူတူပဲဖြစ်ကာ ဈေးငြိမ်နေပါတယ်။ 

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”