မိုင်းဖုန်းဆရာတော်ကြီးမှ တောင်ကြီးမြို့နယ်မြေခံတပ်မတော်သားများတည်ထားကိုးကွယ်မည့် ရတနာမာန်အောင် ဆုတောင်းပြည့်စေတီတော် အောက်ပစ္စယံ ဌာပနာပိတ်သွင်းပွဲတွင် တရားဟောကြာ

တောင်ကြီးမြို့သို့ ရောက်ရှိသီတင်းသုံးလျက်ရှိသည့် မိုင်းဖုန်းဆရာတော် သဒ္ဓမ္မ ဇောတိကဓဇအဂ္ဂမဟာကမ္မဌာနစရိယ ဘဒ္ဒန္တဉာဏသံဝရအား ဧပြီလ ၃ ရက်နေ့တွင် တောင်ကြီးမြို့ရှိ နယ်မြေခံအရာရှိ/စစ်သည်မိသားစုဝင် များမှ ကြိုဆိုပင့်ဆောင်ခဲ့ပြီး တပ်ဝန်းအတွင်း တည်ထားကိုးကွယ်မည့် ဉာဏ်တော်အမြင့် ၃၆ ပေ၊ လုံးပတ် ၁၈ ပေရှိ ရတနာမာန်အောင် ဆုတောင်းပြည့်ဘုရားစေတီတော်အား အောက်ပစ္စယံ ဌာပနာပိတ်သွင်းခြင်း အခမ်းအနားအား ပြုလုပ်ခဲ့ရာ စုစုပေါင်း အင်အား (၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ အခမ်းအနားတွင် ဆရာတော်ကြီးမှ ဘုရားစာရွက်ဖတ်ပူဇော်ခြင်း၊ တရားနာပရိတ်သတ်များမှ ငါးပါးသီလ ဆောက်တည်ခြင်း၊ ဟောကြားတော်မူသည့် တရားတော်အား နာယူခြင်း တို့ပြုလုပ်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိသတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း၊ ဆရာတော်ကြီးနှင့်အဖွဲသည် နေပြည်တော်သို့ ဆက်လက်ထွက်ခွာ သွားခဲ့ကြောင်း သိရှိရပါသည်။