Visa နဲ့ Mastercard တို့လို နိုင်ငံခြားငွေပေးချေမှုကွန်ရက်တွေကို စွန့်လွှတ်ဖို့ ဝီဒိုဒိုတိုက်တွန်း

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက နိုင်ငံအနေနဲ့ Mastercard နဲ့ Visa တို့လို နိုင်ငံခြားငွေပေးချေမှုကွန်ရက်တွေကို စွန့်လွှတ်ပြီး ပြည်တွင်းဘဏ်တွေက ပြုလုပ်တဲ့ အကြွေးဝယ်ကတ်တွေကို အသုံးပြုဖို ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။ ဒေသတွင်းစီးပွားရေးစုဝေးပွဲတခုမှာ သူက “အင်ဒိုက ထုတ်လုပ်တဲ့ အကြွေးဝယ်ကတ်တွေကို အင်ဒိုမှာရှိတဲ့သူတိုင်း အသုံးပြုနိုင်သင့်တယ်” လို အလေးထားပြောဆိုခဲ့တာပါ။

ဒါဟာ အင်ဒိုရဲ့ စီးပွားရေးကဏ္ဍမှာ ဒစ်ဂျစ်တယ်နည်းပညာအသွင်ကူးပြောင်းမှုက အရှိန်အဟုန်နဲ့ လိုက်ပါနေတာကို ပြသနေတာလည်းဖြစ်ပါတယ်။ “ရုရှားအပေါ် အမေရိကန်က ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို မှတ်ထားပါ၊ Visa နဲ့ Mastercard က ပြသနာဖြစ်နိုင်တယ်” လိုလည်း သူက သတိပေးခဲ့ပါတယ်။

Source; NOM (https://t.me/newsofmyanmar)