ပြင်ဦးလွင်မြို့၊ ဝက်ဝံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် PDF အကြမ်းဖက် သင်တန်းတက်ရောက်မည့် သူများနှင့် အကြမ်းဖက်များအား ဖမ်းဆီးရမိ

ပြင်ဦးလွင်မြို့၊ ဝက်ဝံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် PDF အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ထံသို့ သင်တန်းတက်ရောက်မည့် ဖမ်းဆီးရမိတရားခံ ၆ ဦးအား စစ်ဆေးဖော်ထုတ် ချက်အရ MDY-PDF အကြမ်းဖက်အဖွဲ့မှ လူသစ်စုဆောင်းရေးတာဝန်ခံအပါအဝင် PDF အကြမ်းဖက်သောင်းကျန်းသူ ၃ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်တွင် ပြင်ဦးလွင်မြို့၊ ဝက်ဝံပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖမ်းဆီး ရမိခဲ့သည့် PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံသို့ သင်တန်းတက်ရောက်မည့် ဖမ်းဆီးရမိတရားခံ ၆ ဦး၏ စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းလုံခြုံရေးအဖွဲ့များဖြင့် မတ်လ ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကျောက်မဲမြို့နယ်၊ အောင်ပင်လယ်ဆီဆိုင်ရှေ့ နေရာတွင် PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံသို့ ပို့ဆောင်ပေးသည့် ဆိုင်ကယ် ကယ်ရီသမား အောင်လှ၃၈ နှစ်၊ ခိုမုန်ကျေးရွာ၊ ကျောက်မဲမြို့နယ် နေထိုင်သူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေးအတွက် ဖမ်းဆီးရမိတရားခံ ၆ ဦးအနက် တရားခံ လရောင်ဦးအား အသုံးပြု၍ အသွင်ယူဆက်သွယ်ခြင်းများဆောင်ရွက်ခဲ့ရာ ကျောက်မဲမြို့နယ်၊ သိန်းသန်း ဆီဆိုင်ရှေ့တွင် PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံသို့ ပို့ဆောင်ပေးသည့် ကယ်ရီသမား ကျော်သန်းအောင် ၃၀ နှစ်၊ ဟူးကွတ်ကျေးရွာ၊ ကျောက်မဲ မြို့နယ်နေသူအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထပ်မံဖမ်းဆီးရမိတရားခံ ၂ ဦးအား စစ်ဆေးချက်အရ ၎င်းတို့အား PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ပီတာဆိုသူမှ ဖုန်းဖြင့်ဆက်သွယ်၍ ကြူရှော(တောင်)ကျေးရွာအနီးရှိ ဇရပ်သို့ ပို့ဆောင်ခိုင်းခြင်းဖြစ် ကြောင်း၊ PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ပီတာအား ထပ်မံဖမ်းဆီးရေး အတွက် အသွင်ယူစုံစမ်းခဲ့ရာ PDF အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ဝင် ပီတာ(ခ)သော်ဇင်ဝင်း ၂၀ နှစ်၊ ကံဇင့်ကျေးရွာ၊ မြင်းခြံမြို့နေသူ အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းအားစစ်ဆေးချက်အရ MDY-PDF အကြမ်းဖက် သောင်းကျန်းသူ၊ လူသစ်စုဆောင်းရေးအဖွဲ့မှ တာဝန်ခံ ပီတာ(ခ)သော်ဇင်ဝင်းဖြစ်ပြီး ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် PDF အကြမ်းဖက်သင်တန်း အမှတ်စဉ်(၅)အား ပန်ဝိုးကျေးရွာအနီးတွင် ၃ ပတ်ခန့် သင်တန်းတက်ရောက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်တွင် သင်တန်းဆင်း၍ MDY-PDF အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ စစ်ဦးစီးမှူးအဆင့်ရှိ သီဟန်ဦးဆောင်သော အင်အား ၄၀ ဦးခန့် ဖြင့် နမ့်အွန်ကျေးရွာ၊ သာပိုင်ကျေးရွာ-ပဇီကျေးရွာအနီးဝန်းကျင်တွင် လှုပ်ရှားခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်တွင် MDY-PDF အကြမ်းဖက်အဖွဲ့မှ စစ်ဦးစီးမှူး အဆင့်ရှိ အော်စမွန်မှ ၎င်းအပါအဝင် နက်နဲ၊ ချဉ်ပေါင်ရ(ခ)ဟိန်းမင်းထွန်း၊ ဘိုဘိုတို့ ၄ ဦးအားခေါ်ယူ၍ ကျောက်မဲမြို့နယ်၊ ပန်ဆန်ကျေးရွာအနီးရှိ MDY-PDF အကြမ်းဖက် အဖွဲ့စခန်းတွင် အခြေပြုနေထိုင်၍ PDF အကြမ်းဖက်အဖွဲ့ဝင် လူသစ်များအား ကြို/ပို့ လုပ်ပေးရန် တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရသည့်အတွက် ဖမ်းဆီးရမိတရားခံများအား ဥပဒေအရအရေးယူနိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။