ပုဗ္ဗသီရိ မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း နည်းပညာပေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာ ဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကို ပုဗ္ဗသီရိ မြိုနယ်၊ နဝဒေးရပ်ကွက်၊ နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်မှု အဖွဲရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။