ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ (၁၁) ပွဲအလိုမှာ တံတိုင်းကြီးနှစ်ခု ဖြတ်ကျော်ရဦးမည့် အာဆင်နယ်အသင်း

၂၀၂၂-၂၃ ခုနှစ် ပရီးမီးယားလိဂ်ဘောလုံးရာသီကတော့ ပွဲစဉ် (၂၇) ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ အာဆင်နယ်အသင်းက ရမှတ် (၆၆) မှတ်နဲ့အတူ ဒုတိယနေရာက မန်စီးတီးကို (၅) မှတ်အသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၀၃-၀၄ ဘောလုံးရာသီမှာ တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်နဲ့ ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်းမှာတော့ ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာနေခဲ့တာ ဒီရာသီဆိုရင် (၁၉) နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ ဂွာဒီယိုလာရဲ့ဦးဆောင်မှုနဲ့အတူ နောက်ဆုံး (၅) နှစ်အတွင်းမှာ (၄) ကြိမ်ရရှိထားတဲ့အသင်းဖြစ်ပါတယ်။ လက်ကျန် (၁၁) ပွဲအလိုမှာ အာဆင်နယ်အသင်းအနေနဲ့ မန်စီးတီးနဲ့ လီဗာပူးလ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ချဲလ်ဆီးကိုလည်း အိမ်ကွင်းမှာ လက်ခံကစားရဦးမှာဖြစ်ပါတယ်။ လက်ရှိ (၅)မှတ်ကွာအနေအထားဟာ ချန်ပီယံဆုအတွက် လုံလောက်တဲ့ အနေအထားမဖြစ်သေးသလို ဒီတံတိုင်းကြီးနှစ်ခုကို အောင်မြင်စွာ ကျော်ဖြတ်နိူင်ပါ့မလားဆိုတာကိုတော့ ဘောလုံးပွဲကျွမ်းကျင်သူတွေကလည်း စောင့်ကြည့်နေကြပါတယ်။

မန်စီးတီးအသင်းသာ ဒီရာသီမှာ ဗိုလ်စွဲခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ဖလားကို သုံးနှစ်ဆက်တိုက် ရရှိမှာဖြစ်ပြီး သမိုင်းတစ်လျှောက်မှာ သုံးကြိမ်ဆက်ဗိုလ်စွဲဖူးတဲ့ မန်ယူအသင်းရဲ့ မှတ်တမ်းကောင်းနဲ့ တူညီသွားမှာလည်းဖြစ်ပါတယ်။

credit