မြန်မာ့လက်ရွေးစင်အသင်းအတွက် ထိုင်းလိဂ်(၃)မှာကစားနေတဲ့ သန်းပိုင်ကို ပြန်ခေါ်

မတ်လအတွင်းမှာ အိန္ဒိယဖိတ်ခေါ်ဖလားဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်းလူစာရင်းအတွက် ထိုင်းလိဂ်(၃)ကလပ် ကန်ချနာဘူရီအသင်းမှာကစားနေတဲ့ တိုက်စစ်မှူးသန်းပိုင်ကို ပြန်လည်ခေါ်ယူခဲ့တယ်လို့ ကန်ချနာဘူရီအသင်းက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ သန်းပိုင်ဟာ ၂၀၂၂ ဆူဇူကီးဖလားပြိုင်ပွဲမှာပါဝင်ခဲ့ပြီးနောက် ၂၀၂၃ ဆူဇူကီးပြိုင်ပွဲလူစာရင်းမှာတော့ ရွေးချယ်ခံရခြင်းမရှိပါဘူး။

မြန်မာတိုက်စစ်မှူး သန်းပိုင်ဟာ ထိုင်းလိဂ်(၃)ကလပ် ကန်ချနာဘူရီအသင်းမှာ ၂၀၂၂ကတည်းကပါဝင်ကစားနေပြီး လက်ရှိအသင်းအတွက် ၁၈ပွဲကစားထားကာ သွင်းဂိုး ၁၁ဂိုးအထိရရှိထားပါတယ်။ သန်းပိုင်ရဲ့ ကန်ချနာဘူရီအသင်းဟာ ထိုင်းလိဂ်(၃)ပွဲစဉ် ၂၁ပွဲကစားထားပြီး ရမှတ် ၃၈မှတ်နဲ့အမှတ်ပေးဇယားအဆင့်(၄) နေရာမှာရပ်တည်နေပါတယ်။