အသက်  ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား ပံ့ပိုးငွေများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန်းနီမြို့၌ မတ်  ၁၂ ရက်နံနက် ၈ နာရီခွဲက  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယ သုံးလပတ်အတွက်  အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား ပံ့ပိုးငွေများကို နေအိမ်များအရောက် ပေးအပ်လျက်ရှိကြောင်းသိရသည်။

အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား  ပံ့ပိုးငွေများပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာ အသင်းအဖွဲ့များမှ  တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အဘိုးအဘွားများအား အောက်တိုဘာလမှ ဒီဇင်ဘာ လအထိသုံးလစာ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့်နေအိမ်များအရောက်ကွင်းဆင်း၍ ပေးအပ်လျက်ရှိသည်။   ပံ့ပိုးငွေများ ပေးအပ်ရာတွင်     မြို့နယ်အတွင်းရှိ ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးရွာအုပ်စု၂၁ အုပ်စုမှ အဘိုးအဘွား ၁၂၉ ဦးကို စုစုပေါင်းငွေကျပ် ၃၈၇၀၀၀၀ ပေးအပ်ခဲ့ပြီး မကျန်ရှိစေရေးအတွက် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှသိရပါတယ်ရှင်။