၂၀၂၃ခုနှစ် မတ်လ၁၀ရက်နေ့တွင် လခရပူးပေါင်းအဖွဲ့သည် သတင်းအရ တာဆန်းစစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းနေစဉ် မိုင်းပန်မြို့ဘက်မှ သံလွင်တံတား(တာဆန်း) ဘက်သို့ စိုင်းခမ်း(ဘ)ဦးအိုက်ရီလုံ၊ ၃၂ နှစ်၊ ၊ မိုင်းဖြတ်မြို့နေသူ မောင်းနှင်လာသော ယာဉ် အမှတ်၊ YGN 7M-2004(Nissan/ပန်းဆီရောင်)၁၂ ဘီးတွဲယာဉ်(လိုင်စင်မဲ့) အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ခေါင်းခန်း၊ ယာဉ်မောင်းထိုင်ခုံနောက်တွင် အဝါရောင် ဆာလာအိတ်ဖြင့်ထုပ်ပိုး၍ ဘိန်းဖြူဟုယူဆရသည့် အဖြူရောင်အမှုန့် အလေးချိန် ၃၅၀ ဂရမ်ခန့်စီပါ အထုပ် ၁ ထုပ်စီထည့်ထားသော ဆာလာအိတ် ၅ အိတ်၊ အထုပ် ၆၀ ထုပ်၊ အလေးချိန် ၂၁ ကီလိုဂရမ်ခန့်၊ စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၂၅၂၀ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
KIA ကဆေးကျွေးပြီး အသေခံခိုင်းနေတာလား
- အေးခင်
- May 30, 2023
KIA စခန်းကုန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်တဲ့အခါမှာ ခြေကျင်းတွေခတ်ထားပြီး မူယစ်ဆေးဝါးတွေကျွေးထားတဲ့ သူပုန်တွေရှိနေကြောင်းသိရပါတယ်။ အကြမ်းဖက်သမားတွေအနေနဲ့ မူးယစ်ဆေးဝါးတွေအလွယ်တကူရနေသလို ကိုယ်တိုင်လည်းမူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားတွေလုပ်နေတဲ့အတွက် ၎င်းတို့လက်အောက်က တပ်သားတွေကို အခုလိုမျိုးမူးယစ်ဆေးဝါးတွေ ကျွေးပြီး ခိုင်းစေနေကြောင်းလည်းသိရပါတယ်။
ပေါက်မြို့နယ်၊ သပွတ်စုကျေးရွာအနီးတွင် PDF များ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
- ပုည
- April 4, 2023
မနေ့က ညနေ ၄ နာရီခန့်တွင် ပေါက်မြို့နယ်၊ သပွတ်စုကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် ၎င်းကျေးရွာအနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် […]
မြင်းခြံတွင် ကျန်းမာရေးဝန်ထမ်းကို PDF အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်သတ်
- ရှင်ယွန်း
- January 13, 2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၊ ငါ့နန်းကျေးရွာရှိ ကျေးလက် ကျန်းမာရေးဌာနခွဲတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ပီဒီအက်(ဖ်)အကြမ်းဖက်များက ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်၌ […]