စိတ်ဝင်စားစရာကောင်းတဲ့ NLD ပါတီအကွဲအပြဲ

အကွဲအပြဲဇာတ်လမ်းအစကတော့ မတ်လ ၃ ရက်နေ့က NLD ဗဟိုအလုပ်အဖွဲသတင်းထုတ်ပြန်ချက်ဆိုပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲဝင် ဖြိုးမင်းသိန်းနဲ့ ဗဟိုကော်မတီဝင် ၃ ဦးတိုကို ထုတ်ပယ်လိုက်ကြောင်း စာတစ်စောင်ထွက်ပေါ်လာပါတယ်…


NLD ပါတီအတွင်း အကွဲအပြဲသတင်းတွေ သိုးသိုးသန့်သန့် ကြားနေရပေမဲ့ ယခုလို အုပ်စုလိုက် ထုတ်ပယ်တဲ့ သတင်းကတော့ သူတိုရဲ့အကွဲအပြဲကို အတိအလင်း ချပြလိုက်တာဖြစ်ပါတယ်..ထုတ်ပယ်ခံရသူတွေဟာ ပါတီအမည်ကို အလွဲသုံးစားလုပ်ပြီး စစ်အာဏာရှင်ကို အလိုကျလုပ်သူများလို စွပ်စွဲပြီး ထုတ်ပယ်ကြောင်း ဖော်ပြထားပါတယ်…


ဒီလို ထုတ်ပယ်ခံရမှုအပေါ် ထုတ်ပယ်ခံ ဦးတိုးလွင်က လူမှုကွန်ရက်ကနေတဆင့် သူ့ရဲ့သဘောထားကို ဖော်ပြခဲ့ရာမှာ NLD ပါတီရဲ့ကြီးမားတဲ့ အကွဲအပြဲတွေ သိသာထင်ရှားစွာ ပေါ်ထွက်လာခြင်းဖြစ်ပါတယ်…


လတ်တလော NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ အုပ်စုကြီး ၃ ခုဖြစ်ပေါ်နေပါတယ်..
ပထမအုပ်စုကတော့ စကစရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တိုလို ခေါင်းဆောင်ကြီးများဖြစ်ပါတယ်…
ဒုတိယအုပ်စုကတော့ ဦးဟန်သာမြင့်၊ ဒေါက်တာမျိုးညွှန့်၊ ဒေါက်တာတင်မျိုးဝင်း၊ ဒေါ်မေဝင်းမြင့်နဲ့ ယခုထုတ်ပယ်ခံရသူများအုပ်စုဖြစ်ပါတယ်..
တတိယအုပ်စုကတော့ ဦးအောင်ကြည်ညွှန့်၊ နေဘုန်းလတ်၊ လွင်ကိုလတ်၊ ကျော်ထွေးတိုလို ပြည်ပထွက်ပြေးတိမ်းရှောင်နေရတဲ့ အုပ်စုဖြစ်ပါတယ်…


ပထမအုပ်စုကတော့ အစိုးရတာဝန်ယူစဉ်က အမှားအယွင်းများကြောင့် ပြစ်ဒဏ်ကျခံနေကြရပြီး လက်ရှိအခြေအနေတွေအပေါ် သူတိုရဲ့ သဘောထားကို ကွဲကွဲပြားပြား မသိရသေးပါဘူး…ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစဉ်တစိုက် ဆွဲကိုင်ခဲ့တဲ့ မူဝါဒအရတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို လက်နက်ဆွဲကိုင်အကြမ်းဖက်လမ်းစဉ်ကိုတော့ လက်မခံခဲ့ပါဘူး..စစ်အာဏာရှင်ကို ဆန့်ကျင်မှာတော့ သေချာပေမဲ့ ယခုလို အပြန်အလှန်လူtတ်ပွဲတွေကိုတော့ အားမပေးဘဲ တရားဝင်ပါတီအဖြစ် ရပ်တည်နိုင်ရေးကိုတော့ လိုလားမယ်ထင်ရပါတယ်..


ဒုတိယအုပ်စုကတော့ လက်နက်ကိုင်လမ်းစဉ်ကို ဆန့်ကျင်ပြီး NLD ပါတီရဲ့ သမိုင်းအစဉ်အလာနဲ့ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ NLD ပါတီဝင်များရဲ့ ထောက်ခံမှုကို ရထားတဲ့ အုပ်စုဖြစ်ပါတယ်..စစ်အာဏာရှင်အလိုကျလို စွပ်စွဲခံနေရပေမဲ့ စစ်တပ်အုပ်စိုးမှုကို လက်ခံသူများ မဟုတ်ကြပါဘူး..ပါတီရဲ့မူဝါဒ ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း ရှေးရိုးဆန်တဲ့ နိုင်ငံရေးသမားများလို သတ်မှတ်ခံထားရပြီး အကြမ်းဖက်နည်းလမ်းကို လက်မခံဘဲ နိုင်ငံရေးနည်းလမ်းနဲ့သာ ပါတီကို အသက်ဆက်ချင်သူများဖြစ်ပါတယ်..တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်လှုပ်ရှားနိုင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းစွာနေထိုင်ရပ်တည်ရေး အဓိကမူဝါဒများအတိုင်းလှုပ်ရှားချင်သူများဖြစ်ပါတယ်…


တတိယအုပ်စုကတော့ CRPH နဲ့ NUG ကို ဖွဲစည်းခဲ့ပြီး PDF များတည်ထောင်ကာ စစ်အုပ်ချုပ်ရေးကို အပြီးတိုင်အမြစ်ဖြတ်တော်လှန်တိုက်ခိုက်နေသူများဖြစ်ပါတယ်…ဦးတိုးလွင်ရဲ့ ဖော်ထုတ်ချက်အရ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ Logo ကို ခိုးယူပြီး လက်ရှိ NLD နာမည်ကို တရားမဝင်အသုံးပြုနေသူများလို သိရပါတယ်..NLD ပါတီရဲ့ တရားဝင် Facebook ကို ခိုးယူအသုံးပြုနေပြီး သူတိုရဲ့ ရပ်တည်ချက်ဟာ လက်ရှိ NLD ပါတီရဲ့ ရပ်တည်ချက်ပုံစံမျိုးဖြစ်အောင်လုပ်နေသူများဖြစ်တယ်လို ဆိုပါတယ်..


ယခုလတ်တလောအကွဲအပြဲကတော့ ဒုတိယအုပ်စုနဲ့ တတိယအုပ်စုများရဲ့ တိုက်ပွဲဖြစ်ပြီး ဒုတိယအုပ်စုကတော့ ပါတီက ထုတ်ပယ်ခံရသူများက တတိယအုပ်စုကို NLD ရဲ့ နှစ်ပေါင်း ၃၀ ကျော် နိုင်ငံရေးသမိုင်းကြောင်းမှာ ကြောက်လို တိုင်းပြည်အပြင်ဖက်ကို ထွက်သွားကြသူများဖြစ်ပြီး သူတိုရဲ့ ထုတ်ပြန်ချက်များက လုံးဝတရားမဝင်ဘူးလို ဆိုပါတယ်…


မကြာခဏကွဲပြဲတတ်တဲ့ NLD သမိုင်းကြောင်းမှာ ယခုအကွဲအပြဲကတော့ ပိုပြီး လူထု စိတ်ဝင်စားခံနေရပါတယ်.. ဦးခင်မောင်ဆွေ၊ ဦးသိန်းညွှန့်၊ ဒေါ်သက်သက်ခိုင်၊ ဦးစိန်ဝင်းတိုလို ဝါရင့်နိုင်ငံရေးသမားများ အကွဲအပြဲက ပုဂ္ဂိုလ်ရေးဆန်ခဲ့ပေမဲ့ ယခုအကွဲအပြဲကတော့ ခံယူချက်မတူတဲ့ အုပ်စုလိုက်အကွဲအပြဲဖြစ်လို NLD ပါတီရဲ့ လားရာဟာ ဘယ်အုပ်စုက အသာရမလဲအပေါ် မူတည်နေပါတယ်..
အုပ်စုတိုင်းကတော့ သဘောထားတင်းမာသူများဖြစ်ပြီး ပါတီတရားဝင်ရပ်တည်နိုင်ရေးအတွက် အလျော့အတင်းလုပ်မလား၊ အလုံးစုံ ပျက်သုဉ်းရေးလမ်းစဉ်နဲ့ ပါတီကို မြေအောက်ပါတီဖြစ်အောင်လုပ်မလားကတော့ မကြာမီကာလအတွင်းမှာ မြင်တွေ့ကြရတော့မှာဖြစ်ပါတယ်……