အဆဲမျိုးစုံနဲ့ ကွဲပြဲနေတဲ့ တော်လှန်ရေး

သန္ဓေမမှန်တဲ့ နွေဦးတော်လှန်ရေးခေါင်းစဉ်အောက်မှာ စစ်အာဏာရှင်ကို တော်လှန်နေပါတယ်ဆိုတဲ့ အစိုးရဆန့်ကျင်ရေးအုပ်စုများအကြားမှာ အကွဲကွဲအပြဲပြဲနဲ့ အုပ်စုတွေဖွဲ့ပြီး သူတို့အချင်းချင်း Online တိုက်ပွဲတွေ ပြင်းထန်နေပါတယ်..

လေလှိုင်း(Facebook) ပေါ်ကနေ ဦးဆောင်နေတယ်ဆိုတဲ့ NUG အဖွဲ့ရဲ့စွမ်းဆောင်ရည်ကြောင့် ပြည်ပရောက်နိုင်ငံရေးသမား၊ ပြည်တွင်းကျန် အမာခံ NLD များ ၊ နိုင်ငံပေါင်းစုံက အလှူခံလုပ်စားများ၊ တောတွင်းရောက် PDF များ၊ မြို့ပေါ်က PDF များ စသဖြင့် အုပ်စုတွေကွဲပြီး ဘုံရန်သူစစ်ကောင်စီကိုသာမက အချင်းချင်း တဖွဲ့နဲ့ တဖွဲ့ပတ်ပြီး တိုက်ခိုက်နေကြတာ တော်လှန်ရေးရဲ့သရုပ်အမှန် ဖြစ်ပါတယ်..

ဒီကြားထဲ စဆရကများကလည်း နေ့စဉ်လိုလို Online Live တွေနဲ့ ဝေဖန်ရေး လေကန်ရေးတွေလုပ်ပြီး NUG ရဲ့ ညံ့ဖျင်းလှတဲ့ အရည်အချင်းတွေကို အတုံးလိုက် အတစ်လိုက် ကြားနေရပါတယ်..

ဥပမာ DVB သတင်းထောက်ဟောင်း ရဲဝံ့သူလို ဆေးကြောင်ပြီး ပြောချင်ရာ ပြောနေ မှုတွေကို အားပေးတဲ့ ပရိသတ်တွေကလည်း NLD ဘက်တော်သားတွေပဲဖြစ် ပါတယ်…
အထူးသဖြင့်တော့ ရုပ်ရင်းကြမ်းတမ်းတဲ့ မကြားဝံ့မနာသာ အဆဲမျိုးစုံကို မြိန်ရည် ယှက်ရည်နဲ့ တစ်တစ်ခွခွဆဲဆိုပြီး ထင်ပေါ်ကြော်ကြားလာတဲ့ ပန်ဆယ်လိုရဲ့ ရန်ပုံငွေတွေက ပြည်တွင်း ပြည်ပမှာ လူအများ အာရုံစိုက်ခံရပါတယ်…

ပန်ဆယ်လိုနဲ့ ဒေါ်ရိုစီ၊ မအိုင်းရင်း(ဆင်ကြက်)၊ မြတ်အောင်(KNU)၊ Dr.ကျော်နိုင်၊ ကိုဇွဲနဲ့ KNU(ဗဟို) ၊ PDF နဲ့ ပကဖ၊ ပန်ဆယ်လိုနဲ့ PDF ၊ မျိုးရန်နောင်သိန်းနဲ့ အိုင်းရင်းတို့ရဲ့ Online တိုက်ပွဲတွေမှာ မကြားဘူးတဲ့ အဆဲမျိုးစုံကို ထပ်ခါတလဲလဲ ကြားကြရမှာဖြစ်ပါတယ်…

အပြန်အလှန်ဆဲဆိုကြရင်း အပြန်အလှန်ဖော်ကောင်လုပ်ပြီး ဒလန်ဖြစ်မှန်းမသိဖြစ် နေကြတာလဲ ရီစရာကောင်းလှပါတယ်..သူတို့ရဲ့ အပြန်အလှန် စွပ်စွဲချက်တွေကြောင့် သူတို့ရဲ့ မူမမှန်တဲ့ လုပ်ရပ်တွေနဲ့ ပြည်သူကို အသုံးချပြီး လုပ်စားနေတဲ့ လုပ်ကွက် တွေအားလုံးပေါ်နေပြီဖြစ်ပါတယ်..

ဒါကြောင့်လည်း နီပိတ်လို့ အခေါ်ခံနေရတဲ့ NLD ထောက်ခံအားပေးသူတွေက စိတ်ကုန်လာနေသလို ဘောမလို့ အခေါ်ခံရတဲ့ စစ်တပ်ထောက်ခံသူတွေကတော့ သူတို့ရဲ့ Online တိုက်ပွဲတွေကို ပြုံးပြုံးကြီး ကြည့်နေကြမယ်ထင်ပါတယ်..