မင်္ဂလာဒုံမြို့နယ်တွင် လက်လုပ်မိုင်းများနှင့်အတူ အမျိုးသားနှစ်ဦး ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၂၇ နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း၊ ဆယ်မိုင်ကုန်းဂိတ်အနီး ဆယ်မိုင်ကုန်းစစ်ဆေးရေးဂိတ်၌ ရန်ကုန်လေဆိပ်အတွင်း ဖောက်ခွဲမည်ဟုယူဆရသည့် လက်လုပ်မိုင်း(၅)လုံး၊ ကားတစ်စီးနှင့်အတူ အမျိုး သား (၂)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ အမျိုးသားနှစ်ဦးမောင်းနှင်လာသည့် Hijet ကားတစ်စီးအား လုံခြုံ ရေးအဖွဲ့က စစ်ဆေးခဲ့ရာ ကားပေါ်ရှိ ကျေားပိုးအိတ်အတွင်းမှ လက်လုပ်မိုင်း(၅)လုံးကို တွေ့ရှိခဲ့ရကာ ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း ၊ ကားပေါ်တွင်
လိုက်ပါသည့် အသက်(၃၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက်(၄ဝ) အရွယ်ရှိ အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။