ခရီးသည်ယာဉ် ၁ စီးအား PDF အကြမ်းဖက်များက ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံး

 ခရီးသည် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦး တို့ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ကော့သောင်းမြို့မှ မြိတ်မြို့သို့ ထွက်ခွာလာခဲ့ရာ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာနှင့် ခဲချောင်းကျေးရွာလမ်းဆုံသို့ ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသမီး ၁ ဦးနှင့် အသက် ၉ နှစ်အရွယ် ယောကျ်ာလေး ၁ ဦးတို့တွင် လက်နက်ငယ်ကျည် ထိမှန်သေဆုံးခဲ့တယ်လို့သိရပါတယ်။