ဘောလုံးလောက အပြောင်းအရွှ့သတင်းများ

⚽ Football Insider သတင်းဌာနရဲ့ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ အသင်းရဲ့စူပါစတားတစ်ယောက်ဖြစ်သူ အသက် ၃၀ အရွယ် အီဂျစ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာကို လာမယ့်နွေရာသီမှာရောင်းချဖို့ဆန္ဒရှိနေတယ်လို့သိရပါတယ်။ ပြီးခဲ့နွေရာသီကမှ တစ်ပတ်ပေါင် ၄၀၀၀၀၀ နဲ့ ၃ နှစ်သက်တမ်းရှိတဲ့စာချုပ်သစ်ကိုချုပ်ဆိုခဲ့တဲ့ဆာလာဟာ လက်ရှိဘောလုံးရာသီမှာ အသင်းအတွက်ပြိုင်ပွဲစုံ ၃၁ ပွဲကစား သွင်းဂိုး ၁၇ ဂိုး ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ပေးထားသူဖြစ်ပြီး လီဗာပူးလ်အသင်းအနေနဲ့ ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ဆာလာကိုရောင်းချဖို့ဆန္ဒရှိနေတာပဲဖြစ်ပါတယ်။

⚽ ချယ်လ်ဆီးအသင်းနဲ့စာချုပ်သက်တမ်း ၁၈ လသာကျန်ရှိတော့တဲ့ အသက် ၂၄ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူ မေဆန်မောင့်ဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးမြှင့်ဖို့အဆင်မပြေသေးသလို အဆိုပါ စာချုပ်သစ်ကိစ္စကြောင့် ကလပ်အသင်းရဲ့ဝန်ထမ်းတစ်ချို့ပါအသင်းကနေနှုတ်ထွက်ဖို့စီစဉ်နေကြတယ်လို့ Telegraph သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ချယ်လ်ဆီးလူငယ်အကယ်ဒမီထွက်ကစားသမားတစ်ယောက်ဖြစ်တဲ့ မောင့်ဟာ အသက် ၁၈ နှစ်အရွယ်မှာတင် အသင်းရဲ့စီနီယာအသင်းမှာခေါ်ယူခြင်းခံခဲ့ရသူဖြစ်ပြီး အသင်းအတွက်ပြိုင်ပွဲစုံ ၁၈၉ ပွဲကစား သွင်းဂိုး ၃၃ ဂိုး ဂိုးဖန်တီးမှု ၃၇ ကြိမ်ပြုလုပ်ပေးထားတဲ့ထိပ်တန်းကွင်းလယ်လူတစ်ယောက်ဖြစ်ပါတယ်။

⚽ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူးဖြစ်သူ မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ GiveMeSport သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ လက်ရှိဘောလုံးရာသီမှာ အသင်းအတွက် ၃၃ ပွဲကစား သွင်းဂိုး ၂၀ ဂိုးဖန်တီးမှု ၈ ကြိမ်ပြုလုပ်ပေးထားတဲ့ ရပ်ရှ်ဖို့ဒ်ရဲ့စာချုပ်ဟာ လာမယ့်နွေရာသီအထိသာသက်တမ်းကျန်ရှိနေတာဖြစ်ပြီး ပြင်သစ်ထိပ်သီးကလပ် PSG အသင်းက ရပ်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားတစ်ယောက်ဖြစ်တဲ့ မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ နည်းပြတန်ဟက်ဂ်ရဲ့အနာဂတ်အစီအစဉ်တွေထဲမှာ အဓိကကစားသမားတစ်ယောက်အဖြစ်ပါဝင်နေသူဖြစ်ပြီး အသင်းအတွက်ပြိုင်ပွဲစုံ ၃၃၆ ပွဲကစား သွင်းဂိုး ၁၁၃ ဂိုး ဂိုးဖန်တီးမှု ၆၅ ကြိမ်ပြုလုပ်ပေးထားတဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပါတယ်။

ZAWGYI

Football Insider သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ လီဗာပူးလ္အသင္းဟာ အသင္းရဲ႕စူပါစတားတစ္ေယာက္ျဖစ္သူ အသက္ ၃၀ အ႐ြယ္ အီဂ်စ္တိုက္စစ္ကစားသမား မိုဟာမက္ဆာလာကို လာမယ့္ေႏြရာသီမွာေရာင္းခ်ဖို႔ဆႏၵရွိေနတယ္လို႔သိရပါတယ္။ ၿပီးခဲ့ေႏြရာသီကမွ တစ္ပတ္ေပါင္ ၄၀၀၀၀၀ နဲ႔ ၃ ႏွစ္သက္တမ္းရွိတဲ့စာခ်ဳပ္သစ္ကိုခ်ဳပ္ဆိုခဲ့တဲ့ဆာလာဟာ လက္ရွိေဘာလုံးရာသီမွာ အသင္းအတြက္ၿပိဳင္ပြဲစုံ ၃၁ ပြဲကစား သြင္းဂိုး ၁၇ ဂိုး ဂိုးဖန္တီးမႈ ၇ ႀကိမ္ျပဳလုပ္ေပးထားသူျဖစ္ၿပီး လီဗာပူးလ္အသင္းအေနနဲ႔ ေပါင္သန္း ၅၀ ဝန္းက်င္နဲ႔ဆာလာကိုေရာင္းခ်ဖို႔ဆႏၵရွိေနတာပဲျဖစ္ပါတယ္။

⚽ ခ်ယ္လ္ဆီးအသင္းနဲ႔စာခ်ဳပ္သက္တမ္း ၁၈ လသာက်န္ရွိေတာ့တဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ အဂၤလန္ကြင္းလယ္လူ ေမဆန္ေမာင့္ဟာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးျမႇင့္ဖို႔အဆင္မေျပေသးသလို အဆိုပါ စာခ်ဳပ္သစ္ကိစၥေၾကာင့္ ကလပ္အသင္းရဲ႕ဝန္ထမ္းတစ္ခ်ိဳ႕ပါအသင္းကေနႏႈတ္ထြက္ဖို႔စီစဥ္ေနၾကတယ္လို႔ Telegraph သတင္းဌာနကေဖာ္ျပသြားခဲ့ပါတယ္။ ခ်ယ္လ္ဆီးလူငယ္အကယ္ဒမီထြက္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ေမာင့္ဟာ အသက္ ၁၈ ႏွစ္အ႐ြယ္မွာတင္ အသင္းရဲ႕စီနီယာအသင္းမွာေခၚယူျခင္းခံခဲ့ရသူျဖစ္ၿပီး အသင္းအတြက္ၿပိဳင္ပြဲစုံ ၁၈၉ ပြဲကစား သြင္းဂိုး ၃၃ ဂိုး ဂိုးဖန္တီးမႈ ၃၇ ႀကိမ္ျပဳလုပ္ေပးထားတဲ့ထိပ္တန္းကြင္းလယ္လူတစ္ေယာက္ျဖစ္ပါတယ္။

⚽ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသင္းရဲ႕ၾကယ္ပြင့္တိုက္စစ္မႉးျဖစ္သူ မားကပ္စ္ရပ္ရွ္ဖို႔ဒ္ကို စာခ်ဳပ္သက္တမ္းတိုးျမႇင့္ဖို႔ေဆြးေႏြးမႈျပဳလုပ္ခဲ့တယ္လို႔ GiveMeSport သတင္းဌာနကေဖာ္ျပသြားခဲ့ပါတယ္။ လက္ရွိေဘာလုံးရာသီမွာ အသင္းအတြက္ ၃၃ ပြဲကစား သြင္းဂိုး ၂၀ ဂိုးဖန္တီးမႈ ၈ ႀကိမ္ျပဳလုပ္ေပးထားတဲ့ ရပ္ရွ္ဖို႔ဒ္ရဲ႕စာခ်ဳပ္ဟာ လာမယ့္ေႏြရာသီအထိသာသက္တမ္းက်န္ရွိေနတာျဖစ္ၿပီး ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းက ရပ္ရွ္ဖို႔ဒ္ကိုေခၚယူဖို႔စိတ္ဝင္စားေနတယ္လို႔သိရပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ ယူႏိုက္တက္အကယ္ဒမီထြက္ကစားသမားတစ္ေယာက္ျဖစ္တဲ့ မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာ နည္းျပတန္ဟက္ဂ္ရဲ႕အနာဂတ္အစီအစဥ္ေတြထဲမွာ အဓိကကစားသမားတစ္ေယာက္အျဖစ္ပါဝင္ေနသူျဖစ္ၿပီး အသင္းအတြက္ၿပိဳင္ပြဲစုံ ၃၃၆ ပြဲကစား သြင္းဂိုး ၁၁၃ ဂိုး ဂိုးဖန္တီးမႈ ၆၅ ႀကိမ္ျပဳလုပ္ေပးထားတဲ့ ထိပ္တန္းတိုက္စစ္မႉးတစ္ေယာက္လည္းျဖစ္ပါတယ္။

· crd#Sport7