စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက် ညနေ ၃ နာရီခွဲခန့်တွင် ကလေးမြို့၊ ပင်လုံရပ်ကွက် အများပြည်သူများ အေးချမ်းစွာ နေထိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် လူညွှန့်တုံးစေမည့် မူးယစ်ဆေးဝါးရောင်းချသုံးစွဲနေသူ ၁ ဦးအား ဖးမ်းဆီးရန် အမာခံသတင်းပေးချက်အရ စောင့်ဆိုင်းနေစဉ် မသင်္ကာဆိုင်ကယ် ၁ စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ဝင်းမောင် မောင်းနှင်လာသော ဆိုင်ကယ် တူးဘောက်အတွင်းမှ ဘိန်းဖြူ ဖြူ/ဝါရောင် စပ်ကြားမှုန့် အလေးချိန် ၁၀ ဂရမ်ခန့်ပါ ဆပ်ပြာခွက် ၁ ခွက်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
ဖမ်းဆီးရမိ တရားခံ ဝင်းမောင်အား တရားဉပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။