ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား CDF အမည်ခံ အကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက် ဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ပြုပြင်ရန်လိုအပ်သည့် လက်နက်ငယ်အချို့ ဆုံးရှုံးခဲ့ရသည်။ အဆိုပါ မြို့နယ်ရဲစခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် မြို့လုံခြုံရေးအတွက် တပ်မတော် စစ်ကူစစ်ကြောင်းများက ယနေ့ညနေပိုင်းတွင် ထန်တလန်မြို့သို့ ရောက်ရှိ စုဖွဲ့လျက်ရှိပြီး ရဲတပ်ဖွဲ့မှူးစခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် ထန်တလန်မြို့ အတွင်း အကြမ်းဖက်မှု ချေမှုန်းရေးစစ်ဆင်မှု အတွက် လိုအပ်သည်များ စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဆက်စပ်အကြောင်းအရာများ
ဧရာဝတီတိုင်း တည်းခိုခန်းတစ်ခုမှာ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
- Admin
- August 19, 2023
၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် နယ်မြေခံ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်ရှိ သီရိရတနာတည်းခိုခန်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ စိုးမင်းအောင်(ခ)ကိုကျော်(၃၇)နှစ်၊ […]
ချောင်းဦးက PDF အကြမ်းဖက်စခန်းကို ဝင်ရောက်စီးနင်း
- အေးခင်
- February 29, 2024
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းဦးမြို့နယ် ကျောက်တန်းကျေးရွာအနီး လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အကြမ်းဖက် PDF များခိုအောင်းနေထိုင်နေသော စခန်းငယ်တစ်ခုကိုတွေ့ရှိ၍ ဝင်ရောက်ရှင်းလင်းရာ လက်လုပ်သေနတ်(အတို) ၂ […]
မြိုင်မြို့နယ်၊ တွင်းမအုပ်စုရှိ ပြည်သူများအား အကြမ်းဖက်သမားများမှ ထွက်ခွာရန်အမိန့်ထုတ်
- Admin
- June 28, 2023
ပခုက္ကူမြို့နယ်၊ ကမ္မ-တွင်းမ လမ်းပိုင်းတွင်နေထိုင်ကြသောပြည်သူများအား အကြမ်းဖက်သမားများမှ လက်နက်အားကိုးဖြင့် ကျေးရွာအတွင်းမှ ထွက်ခွာရန် အတင်းအဓမ္မခိုင်းစေ ဆောင်ရွက်လျက်ရှိပြီး ကမ္မ-မြိုင်လမ်းအားလည်း အသုံးမပြုရန် ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်သမားများ အနေဖြင့် အစပိုင်းမှာ […]