မြိုင်မြို့နယ်၊ တွင်းမအုပ်စုရှိ ပြည်သူများအား အကြမ်းဖက်သမားများမှ ထွက်ခွာရန်အမိန့်ထုတ်

ပခုက္ကူမြို့နယ်၊ ကမ္မ-တွင်းမ လမ်းပိုင်းတွင်နေထိုင်ကြသောပြည်သူများအား အကြမ်းဖက်သမားများမှ လက်နက်အားကိုးဖြင့် ကျေးရွာအတွင်းမှ ထွက်ခွာရန် အတင်းအဓမ္မခိုင်းစေ ဆောင်ရွက်လျက်ရှိပြီး ကမ္မ-မြိုင်လမ်းအားလည်း အသုံးမပြုရန် ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်သမားများ အနေဖြင့် အစပိုင်းမှာ တော်လှန်ရေးဆိုပြီး ခေါင်းစဉ်တပ်ခဲ့သော်လည်း ယခုကာလများတွင် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်အနိုင်ကျင့်နေကြတာကို မျက်ဝါးထင်ထင်တွေ့လာနေရပြီးပဲဖြစ်ပါတယ်။ နောက်ဆုံးတော့ ပြည်သူတွေအနေနဲ့ ကိုယ်မွေးတဲ့ မျောက် ကိုယ့်ပြန်ခြောက်တာခံနေရပြီး PDF တွေရဲ့ အမျိုးမျိုး ခြိမ်းခြောက်ဒုက္ခပေးတာကို ခံနေရတာပဲဖြစ်ပါတယ်။ လမ်းမသုံးရတဲ့အပြင် ရွာမှာမနေရဘဲ အတင်းမောင်းထုတ်တာကို ခံနေရတဲ့ ပြည်သူတွေအတွက် PDF တွေကို အမြန်ဆုံးချေမှုန်းဖို့လိုနေပြီပဲဖြစ်ပါတယ်။