ကန်တော်ကျေးရွာအနီးတွင် PDF အလောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ဇွန်လ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ၎င်းကျေးရွာအနီး အရောက်တွင် မသင်္ကာသူ ၁ ဦးအား စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့ရာ လုံခြုံရေးအဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ပြီး PDF အလောင်းနှင့် အတူ လက်လုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၁၅ တောင့်၊ လက်လုပ်မိုင်း ၂ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။