တနင်္သာရီနှင့် စဥ့်ကူးတို့တွင် အမျိုးသား (၂) ဦး ပစ်ခတ်ခံရ၍သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြိုနယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ့်တွင် ဇန်နဝါရီလ ၂၉ ရက်က အမျိုးသား (၂) ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၉ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် တနင်္သာရီမြိုနယ်၊ ထုံခါကျေးရွာနေ ဦးသန်းဝင်း(၄၇)နှစ် သည် ကျေးရွာ၏ အနောက်ဘက် (၁) မိုင်ခန့်အကွာရှိ ၎င်းပိုင်ဥယျာဉ်ခြံအတွင်း၌ မိသားစုနှင့်အတူရှိနေစဉ် PDF အကြမ်းဖက်သမား ၆ ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဦးသန်းဝင်းအား သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ ကြောင်း သိရသည်။

ထိုအတူ ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် စဥ့်ကူးမြိုနယ်၊ ညောင်နီကျေးရွာနေ ဦးပိုက် ဆောင်း (၅၂) နှစ်သည် ၎င်း၏ နေအိမ်မှ ကျေးရွာဘုန်းတော်ကြီးကျောင်းသို လမ်းလျှောက်သွားစဉ် PDF အကြမ်းဖက်သမား ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်ကာ ဆည်သည်ကျေးရွာဘက်သို စက်လှေဖြင့် ထွက်ပြေး သွားခဲ့သဖြင့် ဦးပိုက်ဆောင်းတွင် ဝဲချိုစောင်း၊ ရင်ညွန့်နှင့် ခါးတို၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက်ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။