နှစ်နှစ်အကြာမှ ပြန်ဖွင့်တဲ့ ဝေါင်တိုင်ဆင်ဘုရားကျောင်း ဝတ်ပြုဆုတောင်းသူများပြည့်

ကိုဗစ်ကြောင့် ၂ နှစ်ကြာ ပိတ်ထားပြီးနောက် ဟောင်ကောင်က နာမည်ကြီးတဲ့ တာအို ဘုရား ကျောင်းရဲ့ ရိုးရာ အစဉ်အလာ ဝတ်ပြုဆုတောင်းခြင်းတွေ ပြန်လည်စတင်ခဲ့ပြီး တရုတ် နှစ်သစ်ကူး ကာလ အမွှေးတိုင်၊ ဖယောင်း တိုင် ထွန်းညှိ ပူဇော်ဖို့ လာရောက်ကြသူတွေနဲ့ ပြည့်ကျပ်နေတယ်လို့ သိရပါတယ်။

ဆစ် ဆစ် ယွန်း ဝေါင် တိုင်ဆင် ဘုရားကျောင်းကို တရုတ်နှစ်သစ်ကူး အကြို ဇန်နဝါရီလ ၂၁ ရက် ည ၉ နာရီမှာ ဖွင့်လှစ် ပေးခဲ့ပြီး အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းခဲ့ကြကာ ကြီးမြတ်တဲ့ ထာဝရ ဝေါင်နတ်ဘုရားကို လာရောက်ပူ ဇော်သူ တွေက ည ၁၁ နာရီအထိ လူစုမ ကွဲသေးဘဲ ရှိနေကြ တာလည်း ဖြစ်ပါတယ်။ ဘုရားကျောင်းကို နှစ်သစ်ကူးပွဲ တော်ရက် ဇန်နဝါရီ ၂၂ ရက် အထိ ဆက် လက်ဖွင့်လှစ်ပေးထားမှာဖြစ်တယ်လို့ လည်း သိရပါတယ်။