နမ့်ဆန်မြေကို ကိုင်လှုပ်ခဲ့တဲ့သူရဲကောင်းများ(၁)

“သီဟသူရဘွဲ့”(၂၂-၁၂-၂၀၂၂)ကြည်း ၄၃၆၉၀ ဗိုလ်ကြီး စိုးသူရ၊ (DSA-48)၊ ခမရ(၃၁၉) ။

မြူနှင်းတွေအုံ့ဆိုင်းနေတဲ့ ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်းမှာ မိုးမိတ်မြို့မှာ စုဖွဲ့နေတဲ့ ခမရ(၃၁၉) တပ်ရင်းမှူး အား အထူး Mission တစ်ခုလုပ်ဖို့ရှိတယ် .. တပ်ကို ၁ နာရီအတွင်း စုဖွဲ့ထားပါလို့ အထက်က သတိပေး အမိန့်ပေးခဲ့တယ်။ ဒါကြောင့် တပ်ရင်းမှူးဟာ မနက် ၁၀ နာရီအပြီး အသင့်စုဖွဲ့ထားရှိခဲ့တယ်။ အဲဒီအချိန်ထိ တပ်ရင်းမှူး၊ ဒုရင်းမှူးမှလွဲ၍ မည်သူမှ ဘယ်စခန်းကို တိုက်ရမလဲဆိုတာ မသိကြ။

ထိုအချိန်မှာပဲ ရဟတ်ယာဉ်(၄)စီး ရုတ်ချည်းရောက်ရှိလာပြီး ရှမ်းပြည်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်မှာရှိတဲ့ ကုန်းသာကျေးရွာ၊ ဟူးမန်းကျေးရွာ၊ ပန်အ လောက်ကျေးရွာနယ်မြေထဲက နေရာ ၆ နေရာကို နေ့လည် ၂ နာရီခန့်မှာ Airborne (လေကြောင်းချီ) ပို့ဆောင်ခဲ့တယ်။

ထောက်လှမ်းရေးသတင်းအရ NUG/ CRPH/ PDF အကြမ်းဖက်သောင်းကျန်းသူများထံ လက်နက်/ခဲယမ်း များအား TNLA ကြီးစိုးရာဒေသ ကုန်းသာ-ဟူးမန်း-ပန်အလောက်ဒေသလမ်းကြောင်းအတိုင်း သယ်ယူပို့ ဆောင်ရန် စုဖွဲ့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းပါပဲ။

ရန်သူအင်အားအနေနဲ့ TNLA/KIA/AA/PDF စုပေါင်းအင်အား ၃၀၀ ကျော်နဲ့ RPG၊ ၄၀ မမလောင်ချာ၊ တရုတ်စက်လက်တွေနဲ့ လက်နက်ငယ်ကိုယ်စီပါရှိတယ်လို့ သတင်းရရှိပြီး စစ်ဗျူဟာအရေးကြီးမြေတွေ ကတော့

  • ကုန်းသာဘုန်းကြီး ကျောင်း (TNLA လက်နက်တိုက်)၊
  • ပွိုင့်-၁၁၂၇၊
  • ပွိုင့်-၁၄၈၃၊
  • ပွိုင့်-၁၂၄၁ နေရာတွေကို အဓိကထား၍ Commando နည်းစနစ်နဲ့ စီးနင်းတိုက်ခိုက်ရမှာ ဖြစ်ပါတယ်။
  • ဒီဇင်ဘာ ၇ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်မှစ၍ ဗိုလ်ကြီး ထက်မြတ်အောင်၏တပ်ခွဲ(ထုတ်နုတ်အဖွဲ့) နှင့် ကုန်းသာဘုန်းကြီးကျောင်းမှာ ခံစစ်ယူ ထားတဲ့ TNLA သောင်းကျန်းသူ ၅၀ ကျော်ဖြင့် ထိတွေ့မှုဖြစ်ပွား ပြီး ဘုန်းကြီးကျောင်း၏ အရှေ့ မြောက်ဘက်နေရာမှ ည ၁၀ နာရီအထိ ရန်သူအား ရင်ဆိုင်ထိန်းချုပ်ထားခဲ့ ရပါတယ်။ဗိုလ်ကြီး စိုးသူရ တပ်ခွဲ(ထုတ်နုတ်အဖွဲ့)မှာလည်း ကုန်းသာ-ဟူးမန်းကြားရှိ ပွိုင့်-၁၄၇၆ တွင် ရန်သူအင်အား ၂၀ ခန့်ရှိတဲ့ ကာကင်းအဖွဲ့နဲ့ ထိတွေ့မှု (၁၀)မိနစ်ခန့်ဖြစ်ပွားပြီး ကုန်းသာရွာကို ဆက်လက်ချီတက်ကာ ည ၇ နာရီမှာ ကုန်းသာဘုန်းကြီး ကျောင်း၏ အနောက်တောင်ဘက်တွင် ယာယီခြေကုတ်ယူ အခြေပြုနိုင်ခဲ့ပါ တယ်။

ဒီဇင်ဘာ ၈ ရက် မနက် ၉ နာရီ ၅၀ အချိန်တွင် ဒုတပ်ရင်းမှူးစစ်ကြောင်းနှင့် ဗိုလ်ကြီး ထက်မြတ်အောင်၏ တပ်ခွဲတို့ပေါင်းပြီး ရန်သူခြေကုတ်ယူ ထားတဲ့ ကုန်းသာဘုန်းကြီးကျောင်းအား လက်နက် ကြီးပစ်ကူရယူကာ ၁၁ နာရီ ၃၀ ခန့်တွင် မြောက်ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အလားတူ ဗိုလ်ကြီး စိုးသူရ၏ တပ်ခွဲမှာလည်း ဘုန်းကြီး ကျောင်း၏ တောင်ဘက်မှ စစ်ဗျူဟာမြောက်စွာ ဝင်ရောက်စီးနင်းတိုက်ခဲ့ပြီး နေ့လည် ၁၂ နာရီအချိန်မှာ ရန်သူခြေကုတ်ယူထားသော ကုန်းသာဘုန်းကြီး ကျောင်းနေရာအား

  • M-22 (၆၉)လက်၊
  • ကျည်ဆန် (၂၇၀၀၀၀)ကျော်၊
  • ကျည်အိမ်(၂၇၀)၊
  • ဗုံးသီးမျိုးစုံ (၉၅၃)လုံး၊
  • လက်ပစ်ဗုံး (၃၁၅၀)လုံး
  • ရန်သူ့အလောင်း ၂၀ နဲ့အတူ သိမ်းပိုက်ရရှိခဲ့ပါတယ်။ စခန်းသိမ်းပိုက်ရရှိပြီး ၁၀ မိနစ်အတွင်းတွင် ဒုရင်းမှူးစစ်ကြောင်းနှင့် ပူးပေါင်း နိုင်ခဲ့ပြီး ပတ်လည်ခံစစ်ယူခဲ့ပါတယ်။ ဗိုလ်ကြီး ထက်မြတ်အောင် တပ်ခွဲအား ကုန်းသာရွာထဲက တောင်ကုန်းနေရာမှာ ကာကင်းထုတ်ထားပြီး စစ်ကြောင်း(၂)နဲ့အတူ ဗိုလ်ကြီး စိုးသူရ၏ တပ်ခွဲမှာ ကုန်းသာဘုန်းကြီးကျောင်းတွင် သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများနှင့်အတူ ယာယီခံစစ်တည်ဆောက်ခဲ့ပါတယ်။
  • ညနေ ၅ နာရီ ၃၀ တွင် ဗိုလ်ကြီး ထက်မြတ်အောင် ၏ ကာကင်းနေရာအား ရန်သူ ၅၀ ကျော်ခန့်မှ အနီးကပ် တိုက်ခိုက်ခဲ့ရာ မိမိဘက်က ထိခိုက်မှုမရှိဘဲ ရန်သူ့အလောင်းနှင့် လက်နက်များ ထပ်မံရရှိခဲ့ပါတယ်။ဒီဇင်ဘာ ၉ ရက်နေ့ မနက် ၁ နာရီခန့်တွင် ဗိုလ်ကြီး စိုးသူရ အခြေပြုထားတဲ့ ဘုန်းကြီးကျောင်းနေရာအား ရန်သူ ၃၀၀ ကျော်ခန့်မှ ၄ ရက်တိုင်တိုင် အကြိမ်ကြိမ် ကျားထိုးလုံးထွေးတိုက်ခိုက်ခံရသော်လည်း Commando နည်းစနစ်အတိုင်း ရန်သူ့လက်နက်အား မိမိလက်နက်အဖြစ်အသုံးပြုပြီး စစ်သည်များ၏ ရွပ်ရွပ်ချွံချွံခုခံနိုင်မှုကြောင့် ရန်သူမှာ အထိအခိုက်ကျဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မိမိဘက်မှ စစ်သည် ၂ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပါတယ်။ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လည် ၂ နာရီကျော်တွင် ခွာစစ်ဆင်ရန် အမိန့်ရရှိခဲ့ပြီး ကျည်ဆန်များ၊ လက်ပစ်ဗုံး များနှင့် သေနတ်(၁၀)လက်တို့အား ဖောက်ခွဲဖျက်ဆီးခဲ့ကာ ခွာစစ်ဆင်ခဲ့ပါတယ်။ခွာစစ်ဆင်ချိန်တွင် ရန်သူအင်အား (၃၀၀)ခန့်မှ ပိုင်းဖြတ်ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ဒုရင်းမှူးဦးစီးအဖွဲ့က ရန်သူကို အပြင်းအထန်ခုခံပစ်ခတ်ပေးထားပြီး ဗိုလ်ကြီးစိုးသူရ ဦးစီးအဖွဲ့အား ရန်သူ့လက်နက်များ၊ လူနာ များအား သယ်ဆောင်စေ၍ စစ်နည်း ဗျူဟာမြောက် “သူစု .. ကိုယ်ခွဲ” ပြောက်ကျားနည်းအတိုင်း စစ်ကြောင်း ခွဲ၍ ခွာစစ်ဆင်ခဲ့ပါတယ်။ဆုံရပ်နေရာသို့ ဒုရင်းမှူးဦးစီးအဖွဲ့က ၁၄ ရက်နေ့တွင် ကြိုတင်ရောက်ရှိခဲ့ပြီး ဗိုလ်ကြီး စိုးသူရ ဦးစီး တပ်ခွဲ သည် ၅ ရက်တိုင်တိုင် ဆက်သွယ်မှုပြတ်တောက်သွားခဲ့ပါတယ်။ဗိုလ်ကြီး စိုးသူရမှာလည်း နောက်ကျောကို လက်နက်ငယ်ကျည် ထိမှန်ထားပြီး ဆက်သွယ်ရေးစက်၊ ဖုန်းများ Battery ကုန်ခမ်းသွားခြင်း၊ ရာသီဥတုဆိုးရွားခြင်းများကြောင့် ပင်မတပ်နှင့် ဆက်သွယ်မှုပြတ်တောက် ခဲ့ပါတယ်။ရန်သူ့လက်နက်များ၊ ဒဏ်ရာရစစ်သည်များနှင့်အတူ ဗိုလ်ကြီး စိုးသူရသည် မိမိစစ်သည်များအား ခေါင်းဆောင်/ ဦးဆောင်မှုအပြည့်ဖြင့် ကွပ်ကဲမှုယူနိုင်ခဲ့ပါတယ်။ လမ်းခရီးမှာလည်း အရပ်မျက်နှာရှာဖွေနည်း၊ တောတွင်းနေထိုင်စားသောက်နည်းမျိုးစုံကိုအသုံးပြုကာ MRE(အသင့်စား)ရိက္ခာများကို ချွေတာစား၍ ရဟတ်ယာဉ်ဆင်း/တက်ခဲ့သည့်နေရာအား စစ်သည်တစ်ဦးချင်း မိမိလက်နက်အပါ ရန်သူ့လက်နက် တစ်လက်စီသယ်ဆောင်ပြီး ခက်ခဲကြမ်းတမ်းစွာ ဆုံရပ်နေရာသို့ ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၁၀ နာရီကျော် တွင် အဖိတ်အစင်မရှိ ပြန် လည်ပူးပေါင်းနိုင်ခဲ့ကာ ရဟတ်ယာဉ်ဖြင့် အောင် မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့ပါတယ်။ထို့ကြောင့်လည်း တပ်မဌာနချုပ်သို့ပြန်ရောက်ချိန်တွင် ဗိုလ်ကြီး စိုးသူရအား ဗိုလ်မှူးအဆင့်သို့ တစ်ဆင့်မြှင့် ရာထူးတိုးပေးခဲ့ပြီး သီဟသူရဘွဲ့ကိုလည်း နိုင်ငံတော်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ထိုက်တန်စွာ ချီးမြှင့်ခဲ့ပါသည်။ယခုရေးသားဖော်ပြမှုသည် ဗိုလ်မှူး သီဟသူရ စိုးသူရအား ဂုဏ်ပြုရေးသားခြင်းဖြစ်သည့်အတွက် ကျန်သူ များ၏ တိုက်စွမ်းရည်များ မပါဝင်ပါ။ (ထပ်မံဖော်ပြပေးသွားပါမည်)

နမ့်ဆန်၊ ကုန်းသာတိုက်ပွဲတွင် မိမိဘက်မှ စစ်သည် ၉ ဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရကာ ရန်သူ တပ်မဟာမှူး (၂)ဦး အပါအဝင် အင်အား (၂၀၀)ကျော်ခန့် ချေမှုန်းသုတ်သင်နိုင်ခဲ့သောကြောင့် –
(၁) သီဟသူရဘွဲ့ ၁ ဦး
(၂) ဗိုလ်ကြီး ထက်မြတ်အောင် အပါ သူရဘွဲ့ ၄ ဦး
(၃) သူရဲကောင်းမှတ်တမ်းဝင် ၁၁ ဦးရရှိခဲ့ပါသည်။

ဂုဏ်ယူစွာဖြင့် ဖော်ပြအပ်ပါသည်။
Congratulations