မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ဝန်ထမ်း ၁သောင်း လျှော့ချမည်


မိုက်ခရိုဆော့ဖ်ကုမ္ပဏီသည် ဝန်ထမ်းစုစုပေါင်း၏ ၅ရာခိုင်နှုန်းခန့်ဖြစ်သည့် ဝန်ထမ်းဦးရေ ၁သောင်းကို မကြာမီတွင် လျှော့ချတော့မည်ဖြစ်ကြောင်းသိရသည်။ မိုက်ခရိုစီးပွားရေးအခြေအနေများနှင့်ဖောက်သည်များကိုဦးစားပေးမှုပြောင်းလဲခြင်းမူဝဒါကြောင့်ဖြစ်သလို၊ ကပ်ရောဂါကာလအတွင်းက ဝန်ထမ်းဦးရေတိုးမြှင့်ခဲ့ခြင်းကို ပြန်လည်လျှော့ချခြင်းလည်း ဖြစ်ကြောင်း ကုမ္ပဏီကဆိုသည်။ဝန်ထမ်းများလျှော့ချခြင်းအပြင် နေရာအနှံငှားရမ်းထားသော ရုံးခန်းများကိုပါလျှော့ချ၍ စုစည်းသွားမည်ဟုလည်းဆိုသည်။