ဖုန်းအားသွင်းရာမှအပူလွန်ကဲပြီးအိမ်မီးလောင်မှု မဟာအောင်မြေမြို့နယ်တွင်ဖြစ်ပွား

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၁)ရပ်ကွက်ရှိ

နေအိမ်တစ်လုံးတွင် ဇန်နဝါရီ ၁၅ ရက်(ယနေ့)နံနက်အစောပိုင်းက

Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်း ၄ နာရီ ၁၀ မိနစ်ခန့်က မဟာအောင်မြေမြို့နယ်၊

မဟာမြိုင်(၁)ရပ်ကွက်၊ ၆၆ လမ်း၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြားရှိ

နေအိမ်တစ်လုံးတွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းမီးသတ်၊မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊

လုံခြုံရေးအဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များ၊ရပ်ကွက်နေသူများက

Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြသဖြင့် နံနက် ၄ နာရီခွဲ၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။