၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့ ၁၆၃၀ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျွန်းတောကျေးရွာနေ အမက(ဖျောက်ဆိတ်ကုန်း)ကျောင်းမှ ကျောင်းအုပ် ဦးဝင်းခိုင်၊ ၅၂ နှစ်သည် ကျောင်းမှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ် ဖြင့် တစ်ဦးတည်းပြန်လာစဉ် ဘန်းကုန်းကျေးရွာအုပ်စု၊ ဖျောက်ဆိတ်ကုန်းကျေးရွာ အနီး နတ်မောက်-ကျောက်ပန်းတောင်း ကားလမ်းဘေးသို့အရောက်၌ အကြမ်းဖက်သမား ၁ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါလာပြီး ပစ္စတိုဖြင့် ၅ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဝင်းခိုင်တွင် ဝဲလက်မောင်းဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံကျည် ဒဏ်ရာ ၁ ချက်၊ ယာရင်အုံအောက် ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက် အထက် ဒဏ်ရာ ၁ ချက်၊ ဝဲနံစောင်း ဒဏ်ရာ ၁ ချက် တိုဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ဆက်စပ်အကြောင်းအရာများ
ဆက်ကြေးလိုက်ကောက်နေတဲ့ နာဂသောင်းကျန်းသူ NSCN(K) အဖွဲ့ဝင် ၁ ဦးအားဖမ်းဆီးရမိ
- အေးခင်
- June 22, 2023
ဇွန်လ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ပေါ်ရပ်ကွက်များတွင် ဆက်ကြေးကောက်ခံနေသည့် နာဂသောင်းကျန်းသူ ဒုဗိုလ်အဆင့်ရှိ လန်ခေး NSCN(K) အဖွဲ့ဝင် ၁ […]
သိန်းနီ-နမ္မတူတံတားအား အကြမ်းဖက်များကမိုင်းခွဲဖျက်ဆီး
- Admin
- October 30, 2023
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ သိန်းနီ-နမ္မတူတံတားအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦများ လမ်းတံတားများနှင့် ပြည်သူနေအိမ်များကို ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲဖျက်ဆီးလျက်ရှိပြီး ပြည်သူများသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေးနှောင့်နှေးကြံကြာအောင် ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။ တပ်မတော်စစ်ကြောင်းများမှ […]
မန္တလေးတွင် အကြမ်းဖက်သမားများ ဖမ်းဆီးရမိ
- Admin
- December 21, 2023
မန္တလေးမြို့ပေါ်၌ အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည့် နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ PDF အကြမ်းဖက်သမား အမြောက်အများအား လက်နက်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။