ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

ဒီဇင်ဘာ ၃၀ရက်က ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်
၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နေ ခိုင်သဇင်(ခ) လရောင်ချိုနှင့် ပန်းလေပြေလှိုင် (ခ)ဘေဘီတို့က
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ အသက် ၂၀ အရွယ် မိန်းကလေး သုံးဦးတို့ကို နေပြည်တော်ရှိ စင်တင်
တေးဂီတဆိုင်တွင် အလုပ်လုပ်ရမည်ဟု စည်းရုံးပြောဆို၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ငွေကြေးအကျိုးအမြတ်
ကို ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ရွာကောက် နယ်မြေရဲစခန်း (ပ) ၁၃၂ / ၂၀၂၂၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ
ပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ပျဉ်းမနားခရိုင်တရားရုံးသို တရားစွဲတင်ပိုခဲ့ရာ ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံ
ခိုင်သဇင်(ခ) လရောင်ချိုနှင့် ပန်းလေပြေလှိုင်(ခ) ဘေဘီတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ /
၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး လှိင်သာယာမြိုနယ်နေ မြမြစိုးက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြိုနေ မ —
၁၅ နှစ်ကို တရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူပါက တစ်နှစ် ပေါင်းသင်းလျှင် ငွေကျပ်သိန်း ၃၀ ခန့်ရမည်ဟု
စည်းရုံးပြောဆို၍ တရုတ်နိုင်ငံသို ခေါ်ဆောင်ကာ တရုတ်မယားအဖြစ် ရောင်းစားခဲ့ပြီး ငွေကြေး အကျိုးအမြတ်များ
ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် လှိုင်သာယာမြိုမရဲစခန်း (ပ)၄၀၉၈/၂၀၂၀၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ
၂၄ ဖြင့် အမှုရေးဖွင့်၍ အင်းစိန်ခရိုင် တရားရုံးသို တရားစွဲတင်ပိုခဲ့ရာ ဒီဇင်ဘာ ၂၉ ရက်တွင် တရားခံ မြမြစိုးကို
လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့
ကြောင်း သိရသည်။