မော်လမြိုင်တွင် ကား ၁ စီး အရှိန်လွန်ကာ ကုန်တင်အားအောက်၀င်သွား

ဒီဇင်ဘာ ၃၀ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က မွန်ပြည်နယ်၊ မော်လမြိုင်တွင် အိမ်စီးကား ၁ စီး အရှိန်လွန်ကာ
ကုန်တင်အားအောက် ၀င်ရောက်မှုကြောင့် ယာဉ်ပေါ်ပါ ၂ ဦးသေဆုံးခဲ့ကြောင်း မော်လမြိုင်လူမူကူညီရေးအသင်းများ
ထံမှသိရသည်။
မော်လမြိုင်မြို့ တက္ကသိုလ်ပတ်လမ်းထိပ် ဒေါင်းဇရပ်တွင် အိမ်စီးကား ၁ စီး အရှိန်လွန်ကာ ကုန်တင်အားအောက်
ရောက်သွားပြီး ကားပျက်စီးသွားကာ ယာဉ်ပေါ်ပါ မုဒုံမြို့နေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး နေရာတွင်ပင်
သေဆုံးသွားသည်ဟု သိရသည်။