တပ်မတော်က KIA တပ်မဟာ ၄ ၊ တပ်ရင်း ၉ ဌာနချုပ် ဒေသအခေါ် ကောင်းဆတ်ဘွန်း(Kaung Sak Bum)စခန်းအား သိမ်းပိုက်တပ်စွဲထား

စက်တင်ဘာလ ၇ ရက်
ရှမ်းပြည်(မြောက်ပိုင်း) နမ့်ဖက်ကာမြို့နယ် နားဖိုင်ရွာ၏အရှေ့​မြောက်ဘက် လွယ်မောက်တောင်ကြောရှိ KIA တပ်မဟာ ၄ ၊ တပ်ရင်း ၉ ဌာနချုပ် ဒေသအခေါ် ကောင်းဆတ်ဘွန်း(Kaung Sak Bum)စခန်းအား တပ်မတော်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူရယူ၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ KIA စစ်သား ၁၀ ယောက်​ကျော်သေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများနဲ့ အလောင်းများကို ကားများနဲ့ သယ်ထုတ်သွားကြောင်း  တပ်မတော်စစ်ကြောင်းများက စခန်းအား သိမ်းပိုက်တပ်စွဲထားကြောင်း သိရပါတယ်..
စစ်ကြောင်းများက ၎င်းစခန်းအနီး နယ်မြေဆက်လက်ရှင်းလင်းရာ-
-တဲ ၁၁၉ လုံး
-ဘန်ကာ ၃ လုံး
-ဆက်သွယ်ရေးမြောင်း ၂၂၀ ပေ
-ပစ်ကျင်း ၇၀ ကျင်း
-AK သေနတ် ၄ လက်
-M22 သေနတ် ၂ လက်
-လက်လုပ်သေနတ် ၂ လက်နှင့် ပြုလုပ်ဆဲ လုပ်သေနတ်များ
-ပွိုင့်-၅ ကျည်(ကျည်ခါးပတ်တွဲလျက်) ၁၀၀ ခု
-Laptop ၃ လုံးနှင့် ဆက်သွယ်ရေးစက်များ
-ဆိုင်ကယ် ၃ စီး
-SURF အမျိုးအစား ယာဉ် ၁ စီး
-မီးစက် ၁ လုံး သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်မှ စစ်သည် ၂ ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးတို့ မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်..
၎င်းစခန်းဟာ ရင်း ၉ ဌာနချုပ်ရဲ့ အဓိကနေရာဖြစ်ပြီး KIA တပ်ဖွဲ့ဝင်များအပြင် ကွတ်ခိုင်ခရိုင်နယ်မြေမှူးနှင့် ရှမ်းမြောက်ဒေသ ဆက်ကြေးကောက်တာဝန်ခံများ အခြေချနေထိုင်တဲ့ စခန်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်..
လက်ရှိမှာတော့ တပ်မတော်သားများက နယ်မြေရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်..