ကျောင်းသား၊ ကျောင်းသူများအတွက် စက်ဘီးစီးရေ ၃၆၆ စီးထောက်ပံ့

ဒီဇင်ဘာ ၂၇ ရက် နံနက် ၈ နာရီက မန္တလေးတိုင်း၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ မတ္တရာမြိုနယ်တို့ရှိ အခြေခံပညာ
ကျောင်းများ၌တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စက်ဘီးစီးရေ ၃၆၆ စီးအား မန္တလေးတိုင်း
အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းအား အောင်မြေသာစံမြိုနယ်၊အနှိပ်တော်ရပ်ကွက်၊ ၆၆ လမ်း၊ ၂၀ လမ်းနှင့် ၂၂ လမ်း
ကြားရှိ အမျိုးသားဇာတ်ရုံတွင် ပြုလုပ်ရာ မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုနှင့်တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြသည်။