နယ်မြေငြိမ်းချမ်းနေတာကြောင့် ပလက်ဝမြို့ရှိ ဒေသခံများ နေရပ်ပြန်ကြပြီ

ဒီဇင်ဘာ ၂၈ရက်က တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ(AA)တို့ နှစ်ဖက်အပစ်ရပ်ခဲ့ရာ လက်ရှိအချိန်တွင်
နယ်မြေအေးချမ်းလာတာကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြိုရှိ ယာယီတိုက်ပွဲရှောင်စခန်းတွင် ခေတ္တခိုလှုနေထိုင်လျက်
ရှိသည့် ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၀၁)စုမှ လူဦးရေ
၄၄၅ ဦးတိုမှာ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ၎င်းတို၏ နေရပ်ဒေသဖြစ်သော အဘောင်သားကျေးရွာပြန်ကြပြီဖြစ်
ကြောင်း သိရသည်။
နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ အဆင်ပြေချောမွေ့စွာ ပြန်လည်
နေထိုင်နိုင်ရေးအတွက် စက်လှေများဖြင့် စီစဉ်ဆောင်ရွက်ပေးကာ ကျေးရွာအရောက် ကူညီပိုဆောင်ပေးခဲ့ကြကြောင်း
သိရှိရသည်။
အဘောင်သားကျေးရွာသားများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ၎င်းတိုကျေးရွာအတွင်း AA လက်နက်
ကိုင်အဖွဲမှ ရွာအတွင်းခြေကုပ်ယူကာ တပ်စခန်းအား တိုက်ခိုက်ခဲ့တာကြောင့် ရွာလုံးကျွတ်ထွက်ပြေးခဲ့ရခြင်းဖြစ်ပြီး
လက်ရှိအပစ်ရပ်ထားချိန်တွင် AA လက်နက်ကိုင်အဖွဲများ ပြန်လည်ဆုတ်ခွာသွားတာကြောင့် ရွာသို့
ပြန်သွားကြခြင်းဖြစ်ကြောင်း သိရှိရသည်။