Gluco Pro ဆီးချိုကုဆေးက ဘေးအန္တရာယ် ကင်းရှင်းမှု အာမခံချက် မရှိဘူး FDA ထုတ်ပြန်

ဒီဇင်ဘာ၂၈ အွန်လိုင်း လူမှုကွန်ယက်စာမျက်နှာမှာ ဆီးချိုရောဂါကုသဆေးလို့ ကြေညာထားတဲ့ ဆေးဟာ FDA
စစ်ဆေးထားတာမရှိတဲ့ အသိပေးကြေညာမှုကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လတ်တလော အွန်လိုင်းဈေးကွက်တွင် ဆီးချိုရောဂါကုသဆေးဟု ကြော်ငြာနေသည့် Gluco Pro သည်
ဆီးချိုရောဂါကုသရန်ဆေးဝါး လုံးဝ(လုံးဝ)မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Gluco Pro ဆေးမှာ အမျိုးသားအစားအသောက်ဥပဒေအရ FDA က စိစစ်ထားသည့် အစားအသောက်/
ဖြည့်စွက်စာ မဟုတ်ပါ၍ အရည်အသွေး ဘေးအန္တရာယ်ကင်းရှင်းမှု လုံးဝ(လုံးဝ) အာမခံချက်မရှိပါကြောင်း
ပြည်သူလူထုသို့ အသိပေးကြေငြာတာဖြစ်တယ်လို့ဆိုပါတယ်။