KNU က PDF ရဲ့လက်နက်များကို လုယက်၍ ဘုန်းကြီး(၁) ပါးအပါဝင် အဝယ်တော် ၃ ဦးကို သတ်ဖြတ်

အောက်တိုဘာလ ၂၂ ရက်နေ့က ကရင်ပြည်နယ်၊ ဖားကျကျေးရွာမှာ ပခုက္ကူခရိုင်က PDF တွေအတွက် လက်နက်ဝယ်ပြီး ပြန်ဖို့လုပ်နေတဲ့ ရဲဒင်၊ ဦးပညာစာရ (ဘုန်းကြီး)၊ နဲ့ အမည်မသိတစ်ဦး၊ ပေါင်း (၃) ဦးကိုသတ်ပြီး KNDO က သေနတ်တွေလုသွားတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

အွန်လိုင်းပေါ်က ဝါဒဖြန့်မီဒီယာတွေမှာတော့ ဒီသတင်းကို ဖုံးဖိထားကြတယ်။

ရဲဒင်ဆိုတာ NUG က တရားဝင် သူ့တိုလူအဖြစ် အသိအမှတ်ပြုထားသူဖြစ်ပါတယ်။ သိုပေမယ့်လည်း ပခုက္ကူက PDF တွေက မကျေနပ်တော့ NUG ကိုတိုင်၊ NUG က KNDO လုပ်တာဆိုတော့ တရားဝင်ကြေညာချက်မထုတ်ရဲ မရှင်းရဲလေတော့ NUG ဘာလဲဘယ်လဲ၊ PDF တွေအတွက် ဘယ်လောက်တာဝန်ခံသလဲဆိုပြီး အဖွဲအစည်းအတွင်းမှာ အသံတွေ ထွက်လာပါတယ်။

အမေရိကန်ဒေါ်လာ ၂ သိန်းဖိုး (မြန်မာငွေ သိန်း ၄ ထောင်နီးပါး) လောက်ရှိတဲ့ သေနတ် အလက် ၃၀၊ ပစ္စတို ၃ လက်နဲ့ အခြားခဲယမ်းတွေ ဖြတ်လုခံရတယ်၊ တစ်နည်း လူသတ်ပြီး လက်နက်ဓားပြတိုက်ခံရတယ်ဆိုပါတော့။ ဖြစ်စဉ်ဖြစ်ခဲ့တာ KNU တပ်မဟာ (၆) နယ်မြေဖြစ်ပြီး၊ ဒီလိုလုပ်ဖို့ တပ်မဟာမှူးကိုယ်တိုင်ညွှန်ကြားခဲ့တာလို့လည်းဆိုပါတယ်။

စဉ်းစားမိသလောက် ဖြစ်နိုင်တဲ့ ဖြစ်နိုင်ချေ (၃) ခုအနေနဲ့

၁။ KNU က ပွဲစားကတစ်ဆင့် လက်နက်ရောင်း၊ ပိုက်ဆံယူ၊ ကရင်ပြည်နယ်က သယ်မထုတ်ခင် ပြန်လုတဲ့ဖြစ်စဉ်။

၂။ KNU ထဲက ရဲဘော်တစ်ချိုက သေနတ်ရောင်းစား၊ အထက်ကသိသွားတော့ ပြန်လုခိုင်းတဲ့ဖြစ်စဉ်။

၃။ PDF လက်နက်ပွဲစားက KNU ရဲ့ လက်နက်တွေကို အောက်လမ်းကနေ ဝင်နှိုက်၊ ဟိုကသိသွားတော့ ပြန်လာလုခိုင်းတဲ့ဖြစ်စဉ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်စဉ်က KNU နယ်မြေထဲမှာ PDF တွေသတ်ခံရတာ ပထမဆုံးဖြစ်စဉ်မဟုတ်ပါဘူး။ ဒီလိုအသတ်ခံနေရတာ ခဏခဏရှိပါပြီ။ အရင်တစ်လောကကမှ တော်လှန်ရေးကို စိတ်ပျက်လာလို့ တရားဝင်ပြန်ဖို့လုပ်နေတဲ့ PDF ၇ ယောက်လောက်ကို ဝင်ပြီး ပစ်သတ်သွားကြပါသေးတယ်။ တဖြေးဖြေး KNU ရဲ့ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရုပ်ပေါ်လာပါပြီ။ pdf တွေရဲ့ ဘဝက တဖြည်းဖြည်းနေစရာကို မရှိတော့ဘူး….