(၁၅)ကြိမ်မြောက်ပန်းပွဲတော် ဖွင့်ပွဲကျင်းပ

ဒီဇင်ဘာ ၁၈ရက်က အမျိုးသားကန်တော်ကြီးဉယျာဉ်(ပြင်ဦးလွင်)၏ (၁၅)ကြိမ်မြောက် ပန်းပွဲတော် “Blooming
Fantasy 2022” ဖွင့်ပွဲကို ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဉယျာဉ်၌ ပြုလုပ်ရာ မန္တလေးတိုင်း
ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊
ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဉယျာဉ်သို့ လာရောက်အပန်းဖြေကြသည့် ဧည့်ပရိတ်သတ်များ
တက်ရောက်ကြပါတယ်။ ပြင်ဦးလွင်အမျိုးသားကန်တော်ကြီး ဉယျာဉ်ပန်းပွဲတော်ကို ၂၀၁၆ ခုနှစ်မှ စတင်ကျင်းပခဲ့ကြောင်း၊
ကိုဗစ်ကာလများကြောင့် ရပ်နားခဲ့ရသော်လည်း ယခုနှစ်တွင် ပြန်လည်စတင်ကာ ယခင်နှစ်များနှင့်မတူ ထိုင်းနိုင်ငံမှ
အထင်ကရ ပန်းအနုပညာ ရှင် Mr.Joe “Rain Forest Thailand” မှ အသစ်ပုံဖော်ထားသည့်
Landscape များတွင် ပြည်တွင်းပြည်ပ ပန်းမျိုးစိတ်မျိုးစုံ၊ ရာသီပန်းမျိုးစုံတို့ကို ပေါင်းစပ်ကာ ဇုန်အလိုက်
ခင်းကျင်းပြသထားကြောင်း၊ ပွဲတော်အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲ
များ၊ ပန်းဉယျာဉ်ဈေးပွဲတော်များ၊ ပြင်ဦးလွင်ဒေသထွက်ကုန်ပြခန်းများနှင့် ဆိုင်းခန်းများဖြင့် ရောင်းချပေးသည့်
အစီအစဉ်များ ပါဝင်ကြောင်း သတင်းရရှိပါတယ်။