အများသိစေရန် ကြေညာခြင်း

၂၀၂၂ ခုနှစ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ်
တို့ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့များကို ချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။
အထက်ပါ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများအား (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို
ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်မည်ဖြစ်ရာ ကိုယ်တိုင်သော်လည်းကောင်း ၊ မိသားစုဝင်တစ်ဦးမှ
ကိုယ်စားသော်လည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်နိုင်ရေးနှင့်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ ဗိုလ်ရှုခံတွင် ကျင်းပမည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့
အခမ်းအနားနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနားသို့
တက်ရောက်နိုင်ရေး ဖိတ်ကြားဆောင်ရွက်လျက်ရှိပါတယ်။
အဆက်အသွယ်ရရှိခြင်းမရှိသေးသည့် ဘွဲ့ရရှိသူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား တက်ရောက်မည့်
မိသားစုဝင်တစ်ဦးမှ သက်ဆိုင်ရာအခမ်းအနားများအလိုက် (၂၀-၁၂-၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍
ဆက်သွယ်ပေးနိုင်ပါရန် အသိပေးကြေညာအပ်ပါတယ်။
ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားဖိတ်ကြားရေးဆပ်ကော်မတီ (ပြည်ထဲရေး ဝန်ကြီးဌာန)
ဖုန်းနံပါတ် (၀၆၇-၃၄၁၂၇၁၅ )၊ (၀၆၇-၃၄၁၂၇၁၆)
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကြိုဆိုနေရာချထားရေးဆပ်ကော်မတီ (သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)
ဖုန်းနံပါတ် (၀၆၇-၃၄၀၈၄၃၆)၊ (၀၉ -၄၅၅၉၅၅၁၁၀)၊ (၀၉၂၀၃၅၅၀၂)
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးလုပ်ငန်းကော်မတီ (နိုင်ငံခြားရေးဝန်ကြီးဌာန)
ဖုန်းနံပါတ် (၀၆၇-၃၄၁၂၀၅၄)၊ (၀၆၇-၃၄၁၂၆၅၅)