မြို့နယ်အချို့ ၌ PDFအကြမ်းဖက်သမားများက ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မုံညှင်းကျေးရွာ၌
PDF အကြမ်းဖက်သမားများက မုံညှင်းအခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းစောင့် ဦးစန်းလွင်(၅၆)နှစ်နှင့် သမီးဖြစ်သူ ပေါက်မြို့နယ်၊ မြသိန်းတန်ကျေးရွာရှိ
အလယ်တန်းပြကျောင်းဆရာမ မဇင်ဝေလွင်(၃၅)နှစ်တို့အား “ဒလန်”ဟု စွပ်စွဲပြောဆိုကာ သေနတ်များဖြင့်
ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် မွန်းလွဲ ၁၂ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ သဲဖြူ ချောင်းဝကျေးရွာရှိ
အခြေခံပညာမူလတန်းကျောင်းသို့ PDFအကြမ်းဖက်သမားများ ရောက်လာပြီး ကျောင်းဝင်းအတွင်းရှိ
ကျောင်းနံရံများ၊ အိမ်သာနံရံများ၊ စာရေးစားပွဲခုံများ၊ ကျောင်းသုံးစာအုပ်များ အပေါ်တွင် သင်္ဘောဆေးများဖြင့်
“PDF/PDS” စာသားများ ရေးသားထားကာ ဗီဒိုများ၊ ရုံးသုံးပစ္စည်းစာရေး ကိရိယာများအား
မွှေနှောက်ဖျက်ဆီးခဲ့သဖြင့် ကျောင်းသုံးစာရွက်စာတမ်းများ ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။