● စားကြမယ်ဟေ့ ကောင်းကောင်း ●

စစ်မှုထမ်းဟောင်းအဖွဲနှင့်ပတ်သက်၍ ပြုလုပ်သောအခမ်းအနားဖြစ်သည်။ လွန်ခဲ့သော နှစ်ပတ်ခန့်က ဗန်းမော်မြိုစစ်မှုထမ်းဟောင်းအဖွဲ ဥက္ကဌသည်
ရန်ကုန်တွင်ပြုလုပ်သော စစ်မှုထမ်းဟောင်းအဖွဲ ညီလာခံသို တက်ရောက် ပြီး အတွေ့အကြုံနှင့် ညွှန်ကြားချက်များကို စစ်မှုထမ်းဟောင်းအဖွဲများ အား ပြန်လည်ပြောကြားရမည့် အခမ်းအနားလည်းဖြစ်သည်။

ထိုအခမ်းအနားဖြစ်မြောက်အောင် ဗန်းမော်မြိုတွင် အခြေ စိုက်ထားသော စစ်ဗျူဟာ(အခြေချ)စစ်ဗျူဟာမှူးကြီးမှ စီစဉ်ပေး ခြင်းဖြစ်သည်။ ဆွေးနွေးညွှန်ကြားချက်များအပေါ် ဝိုင်းဝန်းလုပ်ကိုင် ပေးစရာများရှိပါက ကူညီဆောင်ရွက်ပေးရန်နှင့် တိုင်းစစ်ဌာနချုပ် သိုလည်း ဆက်လက်တင်ပြ ရပါမည်။

ဗန်းမော်မြိုနယ် စစ်မှုထမ်းဟောင်းဥက္ကဋ္ဌမှာ ကချင်တိုင်းရင်းသား အငြိမ်းစားဗိုလ်ကြီး ဇော်ဒိန်ဖြစ်ပါသည်။ အသက် ၆၅ နှစ်ခန့်ရှိပါပြီ။
စစ်မှုထမ်းဟောင်းအဖွဲဝင် ၁ဝဝ ဦးခန့်လည်း နေရာယူပြီး ကြပြီးဖြစ်သည်။

စစ်ဗျူဟာမှူးကြီး ရောက်ရှိလာပြီးနောက် အခမ်းအနားကို စတင်ပါသည်။
အခမ်းအနားမှူးမှ စတင်၍ …

“အခမ်းအနားအစီအစဉ်(၁)အရ စစ်ဗျူဟာမှူးကြီးမှ အဖွင့်အမှာစကား ပြောကြားပေးပါရန် ပန်ကြားအပ်ပါတယ်”

ဗျူဟာမှူးကြီး စကားပြောစင်မြင့်တွင် နေရာယူလိုက်ပြီး စစ်မှုထမ်းဟောင်း ဗဟိုမှ ညွှန်ကြားလိုက်သည်များ ကူညီပေးစရာ များရှိက ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ အဖွဲအစည်းအတွင်း စည်းရုံးကြဖိုလိုကြောင်း၊ စကားပြောခွင့်ရ၍လည်း ကျေးဇူးတင်ကြောင်း ပြောသွားပါသည်။

“အစီအစဉ်(၂)အရ ဗန်းမော်မြိုနယ် စစ်မှုထမ်းဟောင်းအဖွဲ ဥက္ကဋ္ဌမှ ပြောကြားပေးပါရန် တင်ပြအပ်ပါတယ်”

အငြိမ်းစားဗိုလ်ကြီး ဇော်ဒိန် စကားပြောစင်မြင့်တွင် နေရာ ယူလိုက်ပါ သည်။

“အစည်းအဝေးတက်ရောက်လာကြသော ဗျူဟာမှူးကြီးနှင့် တကွ စစ်မှုထမ်းဟောင်းအဖွဲဝင်များ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြ ပါစေ”

စစ်မှုထမ်းဟောင်းဥက္ကဋ္ဌမှ ပဏာမစကားပြောလိုက်သည်။

“ကျွန်တော်အစည်းအဝေးတက်ဖို ဗန်းမော်က လေယာဉ်နဲ့ သွားခဲ့ပါတယ်။ မင်္ဂလာဒုံလေဆိပ်ရောက်တော့ လာကြိုတဲ့အဖွဲတွေက တည်းခိုမယ့်
မင်္ဂလာဒုံ ခရေပင်လမ်းခွဲကို ခေါ်လာပါတယ်”

ချောင်းတစ်ချက်ဟန့်လိုက်ပြီး …

“ရောက်ရောက်ချင်း ညနေမှာတော့ တည်းခိုမယ့်နေရာမှာပဲ ညစာကျွေး တယ်။ ကြက်သားဟင်း. . လက်ရာမဆိုးပါဘူး။ စား ကောင်းပါတယ်”

ကချင်သံဝဲဝဲလေးက ထပ်မံထွက်ပေါ်လာပြန်သည်။

“နောက်နေ့မှာ အစည်းအဝေးမစသေးဘဲ လေ့လာရေးအဖြစ် တိရစ္ဆာန်ရုံတို၊ ဘုရားတို လိုက်ပိုမှာဖြစ်တယ်။ မနက်စောစောကို ထမင်းဆီဆမ်း၊ ပဲပြုတ်၊ ကြက်ဥနဲ့ လက်ဖက်ရည်တိုက်တယ်။ ထမင်း မစားချင်တဲ့သူ စမူဆာစားဖို လည်း ပြင်ထားပေးတယ်။ ထမင်းဆီဆမ်း လေးက မြေပဲဆီနံ့လေးသင်းနေ လို ကျွန်တော် ထမင်းဆီဆမ်းပဲ စားလိုက်တယ်”

နားထောင်နေသူများ တံတွေးများပင် မျိုချမိကြသည်။

“အဲဒီနေ့ မနက်စာက ဝက်သားဟင်းဗျ၊ ဝက်သားမစားရင် ကြက်သားကျွေး တယ်။ ညနေစာကဆိတ်သား . မဆလာနံ့လေးကို သင်းလို၊ အနံ့မနံအောင် ချက်လဲချက်တတ်ပ။ နှစ်ပန်းကန်လောက် စားမိလိုက်တယ်။ ပေါင်ချိန်လည်း တိုးလာမှာ စိုးရသေးတယ်လေ”

“နောက်နေ့ မနက်စောစာကိုတော့ ပလာတာနဲ့ လက်ဖက် ရည် ကျွေးတယ်။ ပလာတာလေးကို ကျွတ်လို စားကောင်းတယ်ဗျာ”

“အဲ.. ပြီးတာနဲ့ အစည်းအဝေးခန်းဝင်ပြီး အစည်းအဝေး
စတယ်”

အရေးကြီးသည့်နေရာရောက်ပေပြီ။ အားလုံးက မှတ်သားရန် စာအုပ်နှင့် ဘောပင်များ အသင့်လုပ်ကြသည်။ ဗျူဟာမှူးကြီးပင် မှတ်စုစာအုပ်လေး ကိုဖွင့်လိုက်ပါသည်။

“အစည်းအဝေးမှာပြောတဲ့ အကြောင်းအရာတွေကိုတော့ ဘုတ်အုတ်ပါ မသွားလို မမှတ်လိုက်ရပါဘူး .. အစည်းအဝေး မှတ်တမ်းကို နောက်မှ ပိုလိုက်မယ်ပြောတယ် .. အဲဒီအခါမှ ထပ် ရှင်းပြပါမယ်နော် .. ကျေးဇူးတင်ပါတယ်”

လျှာလေးများပင်သပ်ပြီး ဥက္ကဋ္ဌကြီးတစ်ယောက် စင်ပေါ်မှ ဆင်းသွားပါ တော့သည်။တော်ပါသေးသည်။ အစည်းအဝေးအပြီး လေယာဉ်ကွင်း မဆင်းမီ ကျွေးမွေးမှုများကို ဆက်မပြောမိပေလို။

အစည်းအဝေးမှာကြားချက်များကိုတော့ မှတ်စုစာအုပ်ပါ မသွားလို မမှတ်လိုက်ရဘဲ အစားအသောက်များကို ယခုလက်ငင်းပဲ စားသောက်နေရသလို ပုံစံမျိုးဖြင့် ပြောသွားသော ဥက္ကဌကြီးအား ဗျူဟာမှူးမှ တွေတွေကြီးစိုက်ကြည့်နေမိပါတော့သည်။

နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။