၈ လပိုင်းအတွင်း PDF အဖွဲ့မှ အလင်းဝင်လာသူ စုစုပေါင်း ၇၆ ဦး ထိရှိလာ

ယခင် ၇ လပိုင်းမှာ အလင်းဝင်လာသူ ၂၂ ဦးရှိတဲ့အတွက် ယခု ၂ လအတွင်း အလင်းဝင်သူတွေကို နှိုင်းယှဉ်ပါက ၅၄ ဦး ပိုများလာပါတယ်။

အလင်းဝင်လာသူတွေရဲ့ ထွက်ဆိုချက်တွေအရ အများစုက NUG ကို ထောက်ခံလို့ဝင်တဲ့သူတွေမဟုတ်သလို တပ်မတော်ကိုအမြင်မကြည်လို့ PDF ထဲ ဝင်ခဲ့ကြသူတွေလည်း မဟုတ်ကြပါဘူး။

နယ်မြေအခြေအနေအရ PDFထဲ ကို မဝင်ရင် မိသားစုလိုက် သတ်ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်ခံရတဲ့အတွက် အသတ်ခံရမှာကြောက်ပြီး PDF ထဲ ဝင်ခဲ့ကြသူတွေ များပါတယ်။

ဒါ့အပြင် PDF တွေ တပ်မတော်ကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ အပြစ်မဲ့အရပ်သားတွေကို ဦးတည် တိုက်ခိုက်နေတာဖြစ်တဲ့အတွက် ၎င်းတို့ရဲ့လုပ်ရပ်တွေကို စက်ဆုတ်ရွံရှာလို့ အသိမှန်တွေရပြီး အလင်းဝင် လာကြတာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာကြပါတယ်။

တပ်မတော်အနေနဲ့လည်း အလင်းဝင်လာတဲ့ လူငယ်တွေကို မိဘတွေထံပြန်လည်အပ်နှံပြီး ကောင်းကောင်း မွန်မွန်စောင့်ရှောက်ထားကြောင်း သိရပါတယ်။

ဘာပဲပြောပြောခြိမ်းခြောက်လို့ပဲ PDF ထဲ ဝင်ဝင် အတွေးအမှားတွေကြောင့်ပဲ PDF ဝင်ဝင် ယခုလို အသိအမြင်မှန်တွေရတာဝမ်းသာပါတယ်။

နောက်ထပ်အလင်းဝင်လာမယ့် သူတွေလည်း လာရောက် ဆက်သွယ်နေတာတွေရှိတယ်။ သူတို့ကိုလည်း နီးစပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ခံတွေနဲ့ ချိတ်ဆက်ပေးထားပြီးဖြစ်ပါတယ်။

ထပ်မံပြီး အလင်းဝင်လိုတဲ့ ညီငယ်/ညီမငယ်တွေအတွက်လည်း အမြဲတံခါးဖွင့်ထားလျက်ပါပဲ။။။