၅၅၀ ဆရာတော်(သိုမဟုတ်) ဖန်ရည်ဆိုးသင်္ဃန်း၀တ်ရုံအောက်ကမေတ္တာရှင်

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

စစ်ကိုင်းတိုင်းထဲမှ ၅၅၀ ဆရာတော်ဆိုရင် မသိသူမရှိသလောက်ပါပဲ
စည်းရုံးရေးကောင်းမှု လမ်းမှန်ပြနိုင်မှု သမာသမတ်ကျမှုက ဆရာတော်ရဲ့ ဂုဏ်တစ်ခုပဲ

နိုင်ငံအတွင်း အကြမ်းဖက်သမားPDF တွေသောင်းကျန်းလာလို စိတ်ဘ၀င်မချမ်းမြေ့တဲ့ဆရာတော်ဟာ သူသီတင်းသုံးရာကျေးရွာမှ အစပြု၍ မည်သူတစ်ဦးတစ်ယောက်မျှ တိုက်တွန်းချက်မပါဘဲ သူ့ရွာလေးအေးချမ်းမှုရှိအောင်အကြမ်းဖက်မှုတွေမဖြစ်အောင် ရွာသူ/ရွာသားတွေ စည်းရုံးခဲ့တယ်

သူ့ရွာလေးအေးချမ်းတော့ ဘေးပတ်၀န်းကျင်ရွာတွေ အေးချမ်းအောင် မအိပ်မနေ ဟောပြပြီး စည်းရုံးခဲ့ပြန်တယ်

ဆရာတော်ရဲ့ စည်းရုံးမှု ဒေသခံရွာသူ/ရွာသားတွေရဲ့ စည်းလုံးညီညွတ်မှုကြောင့် အကြမ်းဖက်သမားတွေရန်ကနေ ကာကွယ်နိုင်ခဲ့တယ်

ဒါ့အပြင် ကျေးရွာတွေမှာရှိပြည်သူတွေကိုစည်းရုံးပြီ ကိုယ့်ဒေသ မွေးရပ်မြေကို အကြမ်းဖက်သမားရန်မှ ကာကွယ်ဖို ပြည်သူ့စစ်တွေကို ဖွဲစည်းနိုင်ခဲ့ပါတယ်

ယနေ့ဆိုလျှင်လည်း ကန့်ဘလူမြိုနယ် လိတ္တူကျေးရွာအုပ်စု အင်းကြင်းစုကျေးရွာမှာလည်း တပ်မတော်ရဲ့ အရန်အင်အားဖြစ်တဲ့ ဒေသခံတွေနဲ့ဖွဲစည်းထားတဲ့ ပြည်သူ့စစ်ညီအစ်ကိုတွေသင်တန်းဆင်းပွဲပြုလုပ်ခဲ့ပြန်ပါသေးတယ်

ဆရာတော်ဟာ အေးချမ်းစွာနေထိုင်ချင်တဲ့ပြည်သူတွေအတွက် အကြမ်းဖက်သမားတွေရန်မှ ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ဦဆောင်ကာကွယ်ပေးတဲ့တံတိုင်းကြီးပါပဲ

ဆရာတော် ဘေးရန်ကင်းပါစေ။ အသက်ရာကျော်ရှည်ပါစေ

ပုံတွေကတော့ 10-3-2023ရက်နေ့က သင်တန်းဆင်းတဲ့ ပြည်သူ့စစ်ရွှေညီကိုတွေရဲ့ သင်တန်းဆင်းပွဲပုံလေးတွေဖြစ်ပါတယ်