(၂၃) ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား တိုက်ရိုက်ထုတ်လွင့်မည်

၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောက်တိုဘာလ ၁၁ ရက်မှ ၁၈ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲအား အောက်တိုဘာ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပမည်ဖြစ်ရာ ၎င်းအခမ်းအနား ကျင်းပပုံများကို အောာက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၅၀ မှ စတင်ပြီး MRTV-HD၊ MRTV NEWS၊ MWD ၊MOI နှင့် မြန်မာ့အသံရေဒီယို သဇင် FM,မန္တလေး FM, ရွှေ FM, ပဉ္စဝတီ FM, ပတ္တမြား FM, ပုဂံ, ချယ်ရီ FM နှင့် STAR FM တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။