ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့

၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ အား (ဒုတိယအကြိမ်)ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ထောက် ပံ့ပေးအပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အနောက်ရထာခန်းမ၌ ပြုလုပ်ခဲ့ပါတယ်။

တိုင်းမှူးနှင့် တာဝန်ရှိသူများက တပ်မတော်သားမိသားစုဝင် မူလတန်း၊ အလယ်တန်း၊ အထက် တန်း ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများကိုလည်းကောင်း၊ ပထမနှစ်ဝက်အတွင်း အဆင့်(A)ဖြင့် အောင်မြင် ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်။