ကြောက်စရာ “ဝစီကံ” အကြောင်း

“ဆဲတော့ဘာဖြစ်လဲ”တဲ့ ။
ဖြစ်တာပေါ့…
ဆဲရင်း ဆဲရင်းနဲ့ ဆင်းရဲတယ်လေ။
စိတ်တွေဆင်းရဲမယ်
အနေတွေဆင်းရဲမယ်
အစားတွေဆင်းရဲမယ်။
ကိုယ်ပဲဆင်းရဲတာလားဆိုတော့…
မဟုတ်သေးဘူး…
ကိုယ်ဆဲတာ
မြင်တဲ့သူတွေလည်း ဆင်းရဲတယ်။
ကိုယ်ဆဲသံ ကြားတဲ့သူတွေလည်း ဆင်းရဲတယ်…
အဲ့ဒီ မြင်သူ ကြားသူတွေထဲမှာ
ရဟန်းသံဃာတွေလည်း ပါတယ်…
နတ်မြတ်နတ်ကောင်း
နတ်အပေါင်းတွေလည်းပါတယ်…
နတ်တွေပါ ကြားပြီ မြင်ပြီဆိုရင်ဖြင့်
ကိုယ်မှာစောင့်တဲ့ ကိုယ်စောင့်နတ်လည်း
ဘယ်နေပါ့မလဲ
ပိုကြား ပိုမြင် ပိုသိတာပေါ့…

ကိုယ်စောင့်ရှောက်ရတဲ့ပုဂ္ဂိုလ်ဟာ
“ဒီလိုပုဂ္ဂိုလ်ပါလား”ဆိုတဲ့အသိနဲ့
အနားမှာနေရတာ
စိတ်မချမ်းသာလောက်အောင်
ဆင်းရဲတယ်။
ဒီလိုနဲ့…
ကောင်းတဲ့အကျင့်တွေပျောက်ပြီး
မကောင်းတဲ့အကျင့်တွေရောက်လို့
ကိုယ့်ရဲ့ကံတွေလည်း
တဖြည်းဖြည်း ဆင်းရဲလာတယ်။
ကိုယ်က…
နတ်ကောင်းနတ်မြတ်တွေရဲ့
အထောက်အပံ့ကိုရချင်တယ်ဆိုရင်
နတ်ကောင်းနတ်မြတ်တွေ ထောက်ပံ့
လာနိုင်လောက်တဲ့ နေထိုင်မှုမျိုးတော့
နေတတ်ထိုင်တတ်ဖို့လိုတာပေါ့။
ကိုယ့်အနေနဲ့
ဆဲတော့ဘာဖြစ်လဲ ဆိုရင်တော့
အဲ့ဒီ ဆဲတာကစပြီး…
ကိုယ့်ရဲ့အပြုအမူ
အပြောအဆိုတွေအားလုံးဟာ
မကောင်းတဲ့အကုသိုလ်ကံတွေဝင်လာဖို့
တံခါးဖွင့်ပေးလိုက်တာနဲ့အတူတူပဲ။
ဒါလေးဆဲတာလေးကို “ဘာဖြစ်မှာလဲ”
လို့ တချို့တွေကတော့
မေးချင်ကြ ပြောချင်ကြလိမ့်မယ်။
မြတ်ဗုဒ္ဓဟာ…

“ကံသုံးပါးမှာ မနောကံသာလျှင်
အပြစ်ကြီးမားဆုံး” လို့
ဆိုဆုံးမတော်မူခဲ့တာဟာ
ကောင်းတဲ့အကျင့်တွေ အစား
မကောင်းတဲ့အကျင့်တွေ
ဝင်မလာအောင် တားဖို့ပါပဲ။
ကိုယ့်မှာ ကောင်းတဲ့အကျင့်တွေ ပျောက်လို့
မကောင်းတဲ့အကျင့်တွေရောက်လာပြီဆိုရင်
ကိုယ့်ရဲ့ကံတွေဟာ တဖြည်းဖြည်းနဲ့မှေးမှိန် ပျောက်ကွယ်သွားစေ တယ်။
ဒါ့ကြောင့်…
ကိုယ်သာ ကိုယ်နှုတ်စိတ်သုံးပါးလုံးကို
အကောင်းဆုံးစောင့်ထိန်း နိုင်ခဲ့ရင်
ကိုယ်စောင့်ထိန်းလိုက်တဲ့
ကိုယ်နှုတ်စိတ်သုံးပါးကပဲ
အကာင်းဆုံးကံတွေကို
ကောင်းကောင်းကြီး
တည်ဆောက်ပေးပါ လိမ့်မယ်။
Crd
ဓမ္မအသိဖြင့်အကျိုးရှိ အောင်နေနိုင်ကြပါစေ 🙏🙏🙏