(၀)မိုင်နှင့် (၃၃၅)မိုင်မှလွဲ၍ ရန်ကုန် – မန္တလေးအမြန်လမ်းတွင် ယာဉ်သွားလာမှု (၂၄) နာရီပြန်လည်ခွင့်ပြု

နိုဝင်ဘာ (၁)ရက်မှ စတင်ပြီး ရန်ကုန် – မန္တလေးအမြန်လမ်းပေါ်တွင် ယာဉ်အသုံးပြုမှုကို (၂၄) နာရီ အချိန်ပြည့် ပြန်လည်ခွင့်ပြုပေးထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

(၀)မိုင်နှင့် (၃၃၅) မိုင်တွင် အချိန်ကန့်သတ်ထားဆဲဖြစ်ပြီး ည (၁၂)နာရီမှ မနက်(၄) နာရီ အထိ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးတွင် ညဘက်ယာဉ်သွားလာမှုကိုပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်ပြီး အချိန်ကန့်သတ်ထားခြင်းဖြစ်သည်။