ဩဂုတ်လ ၄ ရက်နေ့ မှုခင်းသတင်းများ

-ဩဂုတ်လ ၃ ရက်နေ့ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်နေ၊ နမ္မတီးမြို့ စည်ပင်သာယာရေး ဦးစီးအရာရှိ၊ ဦးဝေဖြိုးဆန်း၊(၃၇)နှစ်သည် တပ်ကုန်းရပ်ကွက် ရွှေမကြီးလမ်းအတိုင်း တပ်ကုန်းရပ်ကွက်ဘက်မှ မြို့သစ်ကြီး ရပ်ကွက်ဘက်သို့ ALPHARD (အဖြုရောင်) ယာဉ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် မြို့သစ်ကြီးရပ်ကွက် အေးမြသာယာသံလမ်းကူး အရောက်၌ (စိစစ်ဆဲ) ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့်လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးဖြိုးဝေဆန်းတွင် ဝဲပါး၊ဝဲလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
-ဩဂုတ်လ၃ ရက်နေ့ မုံရွာမြို့ မြဝတီရပ်ကွက် နေ ဦးထွန်းလင်းဦး၊ (၄၅)နှစ် ၊ဇနီးဒော်ခင်မာကြည် (၆၅)နှစ် တို့သည် နေအိမ်မှာ မိသားစုနှင့်အတူရှိနေစဉ် အကြမ်းဖက်သူ ကျား (၅)ဦး၊မ ၁ ဦး ပေါင်း ၆ ဦး ပစ္စတို သေနတ် ၄ လက်အား ကိုင်ဆောင်၍ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ဦးထွန်းလင်းဦးနှင့် ဒေါ်ခင်မာကြည်တို့ အား ဖမ်းတီး၍ အောင်မဟာလမ်းမှ တစ်ဆင့် မြို့အရှေ့ ဘက် မြို့ပတ်လမ်းဘက်သို့ ခေါ် ဆောင်သွားကြောင်းနှင့် ဖမ်းဆီးခံရသူ ၂ ဦးသည် ငွေကြးချမ်းသာသူများဖြစ်ပြီး အကြမ်းဖက်ကိုထောက်ခံခြင်း မရှိသူများဖြစ်တယ်လို့ လည်းသိရပါတယ်။
-ဩဂုတ်လ ၃ ရက်နေ့ ၂ နာရီ ၅၀ ခန့်တွင် ပုလဲမြို့နယ်၊ အင်မထီးကျေးရွာ(အလက) ရှိ လုံခြုံရေးအဖွဲ့အား PDF အကြမ်းဖက် အဖွဲ့ခေါင်းဆောင်အင်အား စိစစ်ဆဲသည်‌ ကျေးရွာ၏ အနောက်တောင်ဘက်မီတာ ၈၀၀ ခန့်အကွာမှ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့သဖြင့် ဖြစ်စဉ်တွင် အကြမ်းဖက် PDF များ ပစ်ခတ်ခဲ့သည့် လက်လုပ်စိန်ပြောင်းဗုံးသီး ၃ လုံးမှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေါ်မိကြိုင် ( ၄၂ )နှစ်တွင် ယာနားရွက် ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
-၁၀ နာရီ ၃၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ် ၊ဒသလွန်ကျေးရွာနေ ဦးဒေါင်းတင် ၅၆ နှစ် သည် အမဲသားရောင်းရန် ဆိုင်ကယ်ဖြင့် ထွက်လာစဉ် ကျွန်းတောကျေးရွာ အနောက်ဘက် ၂ ဖာလုံခန့်အကွာမှာ စိစစ်ဆဲ ကျား ၂ ဦး ဆိုင်ကယ်ဖြင့် လိုက်ပါလာပြီး ပစ္စတိုဖြင့် ၄ ချက် ပစ်ခတ်ထွက်ပြေးခဲ့ရာ ဦးဒေါင်းတင်တွင် ရင်အုံ ၊ယာနံကြား ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
-လားရှိုးမြို့နယ်၊တောင့်တလောင်ကျေးရွာနေ မောင်ထွန်းအေး ၁၁ နှစ်သည် ကျေးရွာ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ တောင်ယာတဲသို့ သွားရောက်စဉ် တောင်ယာတဲ အနီးအရောက် မှာ မိုင်း၁ လုံးနင်းမိပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှု့ကြောင့် မောင်ထွန်းအေးတွင် ဦးခေါင်း၊ ယာနံရိုး၊ ယာဒူးကောက်ကွေး၊ယာခြေသလုံးမိုင်းစဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
-ကော့ကရိတ်မြို့ ၊အမှတ်(၇) ရပ်ကွက် နေ ဦးဇော်ထက် (၃၂) နှစ်သည် မျှစ်ချိုးရန် နေအိမ်မှ ထွက်ခွာသွားစဉ် အမှတ် ၇ ရပ်ကွက် ၊အစိုးရဝန်ထမ်းအိမ်ယာ၏ အရှေ့မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာ ဝါးတောအရောက်၌ မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ရာ ဦးဇော်ထက်တွင် ဝဲခြေဖနောင့်၊ဝဲဒူး၊ဝဲပေါင် ၊ယာခြေသလုံးပေါက်ကွဲ ဒဏ်ရာတို့ ဖြင့်သေဆုံးခဲ့တယ်လို့ သိရပါတယ်။