အောင်မောင်း တောင့်ထား

ရဲဘော်တို စိတ်ဓာတ်ကျချင်နေသလား။ အားမလျှော့နဲ့။
၁၉၄၈/ ၄၉ တုန်းက ရဲဘော်တိုကြုံတွေ့နေရတဲ့အခက်
အခဲထက် အဆပေါင်းများစွာဆိုးတယ်။

မြန်မာ့တပ်မတော်အင်အား ၃၀၀၀ ကျော်ကလေးသာ
ရှိတယ်။ ရန်သူက ဆယ်ဆလောက်ရှိတယ်။

သေနတ်မလောက်လို ဦးနုက ဘုရားဖူးလိုလိုဘာလိုလို
နဲ့ အိန္ဒိယသွား အကူအညီတောင်းတာ သင်္ဘောတစ်စီး
တိုက်စာ သေနတ်/ကျည် ရလာခဲ့တယ်။

လေယာဉ်မရှိလို အင်ဒိုနီးရှားကဒါကိုတာလေယာဉ်တစ်
စင်းလက်ဆောင်ပေးတာကို ဝမ်းသာအားရလက်ခံရယူ
ပြီး အဲဒီလေယာဉ်နဲ့ ရခိုင်ရောက်နေတဲ့တပ်ကို ပြန်ခေါ်
ရတယ်။

တိုက်လေယာဉ်ဆိုတာ မူးလို ရှူစရာမရှိဘူး။

အဲဒီ လူစီးလေယာဉ်နဲ့ ဗုံးကြဲဖို ဗုံးမရှိလို လမ်းဘေးက
ဓာတ်တိုင်ဖြတ်ပြီး ဗုံးလုပ်ရတယ်။ လက်လုပ်ဗုံးပေါ့။

အဲဒီဗုံးလုပ်တဲ့အရာရှိ ဗိုလ်သော်တာရဲ့အမည်ကိုအစွဲပြု
ပြီး အဲဒီဓာတ်တိုင်ဗုံးတွေကို ဗိုလ်သော်တာဗုံးလိုခေါ်ကြ
သတဲ့။

အဲဒီလက်လုပ်ဗုံးကို လက်နဲ့ကိုင်ပြီး လေယာဉ်ပေါ်ကပစ်
ချရတာ။ အဲဒီလောက် ဆင်းရဲခဲ့တယ်။

၁၉၅၀ နောက်ပိုင်း KMT ခေါ် ကူမင်တန်တရုတ်ဖြူတွေ
ကျူးကျော်လာတေ့ာ့လည်း လေယာဉ်ကောင်းကောင်းမ
ရှိလို ၃ လက်မစိန်ပြောင်းဗုံးသီးတွေပင်ဖြုတ်ပြီးအဲဒီလိုပဲ
လက်နဲ့ ပစ်ချရတယ်။

နောက်ပိုင်း စိတ်မရှည်တော့ အဲဒီ ၃ လက်မစိန်ပြောင်း
ဗုံးသီးတွေကို သေတ္တာလိုက်ပင်ဖြုတ်ထားပြီး အပေါက်
ဝမှာ စီထားလိုက်တယ်။

တရုတ်ဖြူစခန်းပေါ် ရောက်တာနဲ့ အပေါက်ဝကနေအဲဒီ
ဗုံးသီးသေတ္တာတွေကို ကန်ချလိုက်သတဲ့။

ကျချင်သလိုကျတဲ့ ဗုံးသီးတွေဟာ ကွဲတဲ့အလုံးကွဲသလို
မကွဲတဲ့အလုံးလည်း မကွဲဘူးပေါ့။

လေယာဉ်ကနေ ဒုံးပစ်စရာ စနစ်မရှိလို လေတပ်ကဗိုလ်
ချပ်အက်စ်ခင်ကိုယ်တိုင်ဒုံးစမ်းသပ်ပစ်ခတ်တာ အဲဒီလေ
ယာဉ်ပျက်ကျပြီး ဗိုလ်ချုပ်အက်စ်ခင် ကျဆုံးသွားတယ်။

၁၉၄၈/၄၉ ကာလမှာ အခုခေတ်မရှိတော့တဲ့ ၃၀၃ ရိုင်
ဖယ်ကြီးတွေကိုင်ပြီး တိုက်ပွဲ ဝင်ခဲ့ရတယ်။ အမိမြေကို
ကာကွယ်ခဲ့ရတယ်။

လွယ်လွယ်နဲ့ တည်ထောင်ခဲ့တဲ့တပ်မတော်မဟုတ်ဘူး။

အခု ရဲဘော်တိုရင်ဆိုင်နေရတဲ့အကျပ်အတည်းဆိုတာ
အဲဒီကာလ အကျပ်အတည်းနဲ့ ယှဉ်ရင် ပါးပါးလေးပဲ ရှိ
သေးတယ်။

ရှည်သွားမှာစိုးလို အကျယ်ချဲ့မပြောတော့ဘူး။

စိတ်ဓာတ်မကျနဲ့။ အားမလျှော့နဲ့။

ရဲဘော်တိုနောက်မှာ ရဲဘော်တိုကိုအားကိုးနေကြရတဲ့
ပြည်သူတွေရှိသေးတယ်။

စစ်သားစိတ်ရှိကြ။ ရဲဘော်ရဲဘက်စိတ်ရှိကြ။

ကမ္ဘာတည်သ၍ မြန်မာတည်ရမယ်။