အုပ်စုတက်ရန် ကြိုးစားသွားမည်ဟု ရှမ်းနည်းပြပြော

မြန်မာနေရှင်နယ်လိဂ်ထိပ်သီးအသင်းတစ်သင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုတက်ရန်အခွင့်အရေးနည်းသော်လည်း နိုင်ငံအတွက်၊ ကလပ်အသင်းအတွက် ကိုယ်စားပြုကစားနေရသောကြောင့် အနိုင်ရဖို့ ကြိုးစားသွားမည်ဟု ရှမ်းယူနိုက်တက်နည်းပြ ဦးဟန်ဝင်းအောင်ကပြောသည်။

ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်ကလပ် ဒိုင်းနမစ်ဟတ်ဆီဘူးအသင်းတို့ သည် AFC Cup အုပ်စုပွဲစဉ် ဒုတိယအကျော့အဖြစ် ယနေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် သုဝဏ္ဏအားကစားကွင်း၌ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။