အလွယ်ကူဆုံး စက္ကူပန်းပင် ပုံသွင်းနည်း

မိမိအိမ်မှာရှိတဲ့ စက္ကူပန်းပင်ငယ်များကို ပင်စည်ရှည်ရှည် ထိပ်ပိုင်းလုံးဝိုင်းဝိုင်းလေးနဲ့ နန်းဆန်တဲ့ အပင်လေးအဖြစ် အသွင်ပြောင်းချင်ပါသလား။ လွယ်ပါတယ်နော် အောက်မှာပြောပြထားတဲ့ အဆင့် ၄ ဆင့်ကိုလုပ်ဆောင်ရုံနဲ့ လှပတဲ့အပင်လေးကို ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။


(၁) ပုံသွင်းချင်တဲ့ အပင်ကို ၁လက်မပတ်လည် ခပ်မာမာ ဝါး (သို့) သစ်သားတိုင်ရှည်နဲ့ ပူးချည်ပါ။


(၂) ပင်စည်ဖြောင့်ဖြောင့်တစ်ခုတည်းထားပြီး ဘေးကိုင်းများကို ညှပ်ပစ်ပါ။


(၃) အပင်ရှည်လာတိုင်း ကွေးခြင်း၊ ယိုင်ခြင်းမဖြစ်အောင် ဘေးကနေ ဝါး (သို့) သစ်သားတိုင်နဲ့ ထပ်ချည်ပေးပါ။ အသစ်ထွက်လာတဲ့ ဘေးကိုင်းတွေကိုပါ ညှပ်ပစ်ပါ။ လိုချင်တဲ့အမြင့်‌ရောက်ရင် အပင်ထိပ်ဖျားကို ညှပ်လိုက်ပါ။


(၄) မကြာခင်မှာပဲ ပင်စည်ရှည်ရှည်၊ ထိပ်ဝိုင်းဝိုင်း အပင်လှလှလေး ရရှိမှာဖြစ်ပါတယ်။